အခန်း{၁၄}

928 61 0
                                    

🏡 လွှမ်းရိပ်စံအိမ် 🏡

အခန်း {၁၄}

အ့...။

ရင်ဘတ်ပေါ် အရှိန်နှင့် သက်ရောက်လာသည့် အရာတစ်ခုကြောင့် လွှမ်းရိပ် အ့ခနဲ အသံထွက်သွားရသည်။

မှေးမှိတ်ထားသည့် မျက်ဝန်းများကို အားယူ၍ ဖွင့်ကြည့်လိုက်သောအခါ ရင်ဘတ်နာအောင်လုပ်သည့် တရားခံက မင်းစံအိမ် ဖြစ်လို့နေလေသည်။

လွှမ်းရိပ် အခန်းထဲရောက်ကတည်းက ခြေလက်ပင်မဆေးပဲ အိပ်လိုက်သော အအိပ်သည် ညနေသုံးနာရီခွဲမှ မင်းစံအိမ် ကောင်းမှုကြောင့် နိုးလာတော့သည်။

လွှမ်းရိပ်ရင်ဘတ်ပေါ် ရောက်နေသည့် မင်းစံအိမ်၏ လက်ကိုဖယ်ချပြီး အိပ်ရာမှ ထလိုက်လေသည်။

လွှမ်းရိပ် တောင့်တင်းနေသည့် အကြောများကို ဖြေလျော့ပြီး ကုတင်ပေါ်မှာ အိပ်ပျော်နေသည့် မင်းစံအိမ်ကို ကြည့်လိုက်မိသည်။

မျက်တောင်ကော့လေးများ ခြံရံထားသည့် မင်းစံအိမ်မှာ ချစ်စရာကောင်းလှပါသည်။ ဖြူဝင်းနေသည့် အသားရေနှင့် လိုက်ဖက်စွာ နှုတ်ခမ်းဖူးလေးကလည်း နီရဲနေလေသည်။

"အဟွန်း"

ချစ်ဖို့ကောင်းစွာ အိပ်ပျော်နေသည့် ဘဝင်ရူးကို ကြည့်ရင်း လွှမ်းရိပ် ရယ်လိုက်မိလေသည်။ ထို့နောက် သူကိုယ်တိုင်ပင် သတိမထားမိပါပဲ အိတ်ထဲမှ ဖုန်းလေးကိုထုတ်ကာ နှုတ်ခမ်းလေးဆူကာ အိပ်ပျော်နေသည့် ကောင်လေး၏ ဓါတ်ပုံလေးကို ရိုက်လိုက်လေသည်။

" ကျစ်! "

လွှမ်းရိပ် နစ်မြောနေရာမှ အသိဝင်လာပြီး 'ကျစ်' တစ်ချက် စုပ်သပ်လိုက်မိသည်။ သူ ဘာတွေလုပ်နေမိတာလဲ။ မစသင့်သည့် ဇာတ်လမ်းတစ်ပုဒ် မဟုတ်ပါလား။ ဖုန်းကို လွယ်အိတ်ထဲ ပြန်ထိုးထည့်ပြီး ရေချိုးခန်းထဲကို ဝင်သွားလိုက်သည်။ သူ ရိုက်ယူသိမ်းဆည်းထားသည့် ဓါတ်ပုံများကိုတော့ မဖျက်မိပါလေ။
.
.
လွှမ်းရိပ် ရေချိုးပြီး အဝတ်အစားများ လဲပြီးသည့်တိုင် မင်းစံအိမ်ကတော့ အိပ်ပျော်နေတုန်း ဖြစ်သည်။ သူဌေးသား နုနုဖက်ဖက် ဉဉအက်အက်လေး ဆိုတော့လည်း ပင်ပန်းသွားသည် ထင်ပါသည်။

လွှမ်းရိပ်စံအိမ် { လွှမ်းရိပ်စံအိမ် } [Completed] Donde viven las historias. Descúbrelo ahora