အခန်း { ၈ }

1.2K 62 2
                                    

🏡 လွှမ်းရိပ်စံအိမ် 🏡

အခန်း { ၈ }

ပညာရောင်ခြည်ခန်းမ အတွင်း ပန်းရနံ့များ သင်းပျံ့မွေးကြူလျက် ရှိသည်။ အခန်းကို စံပယ်ပန်းများ၊ နှင်းဆီပန်းများ၊ သစ်ခွပန်းများဖြင့် အလှဆင်ထားသည်မှာလည်း လှပလွန်းပါသည်။

အဋ္ဌမတန်း အတန်း၏ အတန်းပိုင်ဆရာမ ဒေါ်နန်းကြာအုံသည် စတိတ်ခုံဘေးရှိ ထိုင်ခုံမှာ ထိုင်နေပြီး စုံညီပွဲတော်၏ ဖွင့်ပွဲအခမ်းအနား အစီအစဉ်များကို ဖတ်ပြနေလေသည်။

"..........."

"..........."

🎶ဉီးရွှေရိုးလို့ နာမည်ကျော်တယ် ခုံးမျက်စ မှုန်နှစ်သွယ်🎶

🎶ဉီးရွှေရိုးလို့ နာမည်ကျော်တယ် ခုံးမျက်စ မှုန်နှစ်သွယ်🎶

🎶........🎶

🎶ဒေါ်မိုးကို ချစ်ပါတယ်... ဒေါ်မိုးနဲ့ ပေါင်းပါမယ်🎶

ရွှေရိုး ဒေါ်မိုး သီချင်းသံနှင့်အတူ ပျံ့လွင့်နေသည့် ကျောင်းသူများ၏ အသံများလည်း ရှိပါသည်။

စင်ပေါ်တွင် ကနေသည့် လွှမ်းရိပ်နှင့် မင်းစံအိမ်ကိုကြည့်ပြီး ကျောင်းသူများ ပြောစရာ ရနေတော့သည်။

"ဟယ် စံအိမ်ကို ကြည့်အုံး... တစ်ကယ့် မိန်းကလေးကြနေတာပဲနော်"

"အေး ဟုတ်တယ်... သူ့အစ်မ ရွှေရွှေနဲ့တောင် တူတယ်"

"တူမှာပေါ့ဟ မောင်နှမတွေပဲကို"

"နှစ်ယောက်သား အပေးအယူမျှနေကြတာ ကြည့်ကြဦး"

"ဟယ် ဟယ် လွှမ်းရိပ် မျက်နှာကြီးက စံအိမ်နားကို တိုးသွားတာ နမ်းမိမလားပဲ"

"နှစ်ယောက်သားက လိုက်တယ်နော်"

"အေးဟ အဲ့ဒါကြောင့်လည်း ဆရာမက ယောကျာ်းလေးနဲ့ မိန်းကလေးကို တွဲပြီး မကခိုင်းတာနေမယ်"

"ယောက်ျားလေးနဲ့ မိန်းကလေး ကို တွဲကခိုင်းလို့ကတော့ အချစ်ဇာတ်လမ်းလေးတစ်ပုဒ် ဖြစ်သွားမှာ သေချာသလောက်ပဲဟ"

ထိုမိန်းကလေးများ မသိလိုက်ပေမယ့် တစ်ယောက်သောသူ၏ ရင်ထဲမှာတော့ အချစ်ဇာတ်လမ်းလေး ဖြစ်နေခဲ့ပြီ ဖြစ်သည်။

လွှမ်းရိပ်စံအိမ် { လွှမ်းရိပ်စံအိမ် } [Completed] Donde viven las historias. Descúbrelo ahora