အခန်း {၁၉}

1K 62 9
                                    

🏡 လွှမ်းရိပ်စံအိမ် 🏡

အခန်း {၁၉}

ရင်ခွင်ထဲမှာ အိပ်ပျော်နေသည့် အိန်း၏ ကိုယ်လေးကို လွှမ်းရိပ် ခပ်တင်းတင်း ဆွဲဖက်ထားပါသည်။

ဖြစ်ပျက်သွားသည့် အရာများကို လွှမ်းရိပ် မယုံကြည်နိုင်သေးပါ။ နောက်ဆုံးတော့လည်း လွှမ်းရိပ်သည် အချစ်၏ ခေါ်ဆောင်ရောနောက်သို့ ရွက်လွှင့်ခဲ့ပြီ ဖြစ်သည်။

ရင်ခွင်ထဲမှာ ရှိနေသည့် အိန်း၏ မျက်နှာနုနုလေးကို မြတ်နိုးမှုများစွာဖြင့် လွှမ်းရိပ် ခဏခဏ ငုံ့မိုး ကြည့်နေမိသည်။ ရင်ခုန်သံများသည်တော့ ကျယ်လောင်နေလေသည်။

အိန်း၏ နဖူးထက်မှ ဆံစလေးများကို သပ်တင်ပေးပြီး ရှိုက်ချက်ပြင်းပြင်းဖြင့် နမ်းရှိုက်နေမိသည်။

ချွန်မြမြ နှာတံလေးကို ကြည့်ပြီးလည်း စိတ်မထိန်းနိုင်စွာ ခပ်ဖွဖွလေး ကိုက်လိုက်မိသည်။

အိန်း၏ နီညိုရောင် နှုတ်ခမ်းဖူးဖူးဆီ အကြည့်ရောက်ပြန်တော့ ဆန္ဒပြင်းပြစွာ ငုံထွေးလိုက်ပြန်ပါသည်။ ထိုလူသားသည် လွှမ်းရိပ်ကို ရူးလောက်အောင် ညှို့ယူနေပါသည်။

.

လုံးလုံးလျားလျား နိုးနေသည် မဟုတ်ပေမယ့် တစ်ယောက်ယောက်က တင်းကြပ်စွာ ဖက်ထားသည်ဟူသော အသိကြောင့် မင်းစံအိမ် မျက်ဝန်းများကို ဖြည်းညှင်းစွာ ဖွင့်ကြည့်လိုက်သောအခါ လွှမ်းရိပ်၏ ရင်ခွင်ကျယ်ကြီးက ဆီးကြိုလို့နေလေသည်။

တင်းတင်းကြပ်ကြပ် ပွေ့ဖက်ထားသည်မို့ လွှမ်းရိပ်၏ ခပ်ချောချော မျက်နှာကို မော့ကြည့်၍ပင် မရပေ။

ညက အကြောင်းများဆီသို့ စိတ်ကူးများ အလည်သွားမိသောအခါ မင်းစံအိမ်၏ မျက်နှာကြီး ချိုအီသွားလေသည်။

ပွေ့ဖက်ထားသည့် လွှမ်းရိပ်၏ ခပ်တောင့်တောင့် လက်များကို မင်းစံအိမ်သည် သဘောကျစွာ ပွတ်သပ်နေမိသည်။

"နိုးပြီလား"

ငြိမ်ငြိမ်မနေသည့် မင်းစံအိမ်ကြောင့် လွှမ်းရိပ် နိုးလာပြီး မေးသည် ထင်ပါသည်။

"အင် .... ညက ကိုယ်တို့"

ပွစ်...။

မင်းစံအိမ်၏ စကားတောင်မဆုံးလိုက်ပဲ လွှမ်းရိပ်သည် နဖူးထက်ကို အနမ်း​ခြွေလာလေသည်။ စံအိမ့်ရင်ခုန်သံတွေ ဝုန်းဒိုင်းကြဲနေပြီ ဖြစ်သည်။

လွှမ်းရိပ်စံအိမ် { လွှမ်းရိပ်စံအိမ် } [Completed] Where stories live. Discover now