🏡 လွှမ်းရိပ်စံအိမ် 🏡
အခန်း { ၄ }
ရှစ်လက်မခန့် ထူသော မွေ့ရာကြီးထက်မှာ လဲလျောင်းနေရင်း ညစ်ပတ်အိုးလေးအကြောင်းကို မင်းစံအိမ် တွေးနေမိသည်။
ထိုကောင်လေး၏ အကြောင်းကို မစဉ်းစားပဲ နေချင်ပေမယ့်လည်း စံအိမ်၏ စိတ်ထဲတွင် ညစ်ပတ်အိုးလေးက စိုးမိုးလို့နေလေသည်။
သူ ရိုက်ခံရတာ အရမ်းနာနေမည် ထင်သည်။ဆရာမကလည်း အားကြီးနှင့် ညစ်ပတ်အိုးကို မညှာမတာရိုက်ရက်လေသည်။ အတန်းပိုင်ဆရာမ ဒေါ်နန်းကြာအုံသည် ရက်စက်လွန်းလှသည်ဟု မင်းစံအိမ် ထင်ပါသည်။
နာရီ တကြည့်ကြည့်ဖြင့် အိမ်ရာထက်မှာ လူးလိမ့်နေရင်း မြန်မြန်မိုးလင်းစေချင်သည့် ကောင်လေးတစ်ယောက် ရှိပါသည်။ ထိုကောင်လေးမှာ မင်းစံအိမ်ဟူသော မာနမင်းသားလေးသာ ဖြစ်ပါသည်။
ဟာကွာ! ဒီနေ့မှ ဘာလို့ ညတာရှည်နေရတာလဲကွာ။
________ 🏡 ________
လှေကားမှ ဆင်းလာသော သားဖြစ်သူကို ကြည့်ရင်း ဒေါ်နှင်းအိမ် မျက်မှောင်ကြုတ်လိုက်မိသည်။
"သားသား ညက မအိပ်ဘဲ စာကျက်နေတာလား... မျက်ကွင်းတွေကို ညိုလို့"
"ကျွန်တော် အိပ်မပျော်လို့"
မနက်စောစော ဖြစ်သည်မို့ ဒေါ်နှင်းအိမ်လည်း မဆူချင်သောကြောင့် စကားပြောင်းကာ ပြောလိုက်သည်။
"သားစံအိမ်! မေမေ အပေါ်ထပ်တက်ပြီး ဘုရားရှိခိုးအုံးမယ်။ ဒေါ်ဒေါ်မြရင်ကလည်း ဈေးသွားတော့မှာဆိုတော့ လွှမ်းရိပ်လေး ပန်းလာပို့ရင် ယူထားအုံးနော်"
"ဟုတ်ကဲ့ မေမေ"
မည်သည့်စကားမှ အထွန့်မတက်ပဲ 'ဟုတ်ကဲ့မေမေ' ဟု ပြောလာသည့် သားဖြစ်သူကြောင့် ဒေါ်နှင်းအိမ် မျက်ခုံးလှုပ်လှုပ်ဖြင့်သာ အပေါ်ထပ်ဘုရားခန်းကို သွားလိုက်ပါသည်။
.
ခြံရှေ့မှာ စံအိမ်လမ်းလျှောက်ရင်း ညစ်ပတ်အိုးလေး အလာကို မျှော်နေမိသည်။
သုံးလက်မ ပတ်လည်ရှိသော မိုးပြာရောင်ရှုံ့ကြိုးအိတ်လေးကို ကြည့်ရင်း စံအိမ် ပြုံးမိပြန်ပါသည်။
BINABASA MO ANG
လွှမ်းရိပ်စံအိမ် { လွှမ်းရိပ်စံအိမ် } [Completed]
Romance🏡 လွှမ်းရိပ်စံအိမ် 🏡 "မောင်ကိုယ်တိုင်တောင် မသိလိုက်ပါပဲ အိန်းကို ချစ်မိသွားခဲ့တာ" "......" "အိန်းရဲ့အချစ်နွံမှာ မောင် ရုန်းမထွက်နိုင်ခဲ့ဘူး... ရုန်းလေ ရုန်းလေ ပိုပြီးနစ်လေ ဖြစ်ခဲ့တယ် အိန်းရယ်" "အခုကော ကိုယ့်ရဲ့ အချစ်နွံထဲကနေ ရုန်းထွက်ဖို့ ကြိုးစား...