အခန်း {၁၃}

972 54 1
                                    

🏡 လွှမ်းရိပ်စံအိမ် 🏡

အခန်း{၁၃}

ရှပ်အင်္ကျီအဖြူနှင့် ကျောင်းစိမ်းပုဆိုး ဝတ်ကာ ဆင်းလာသည့် သားဖြစ်သူကြောင့် ဒေါ်နှင်းအိမ် အံ့သြရပြန်သည်။ ဒီကောင်လေးကလေ အဖျားကဖြင့် မပျောက်သေးပဲ ကျောင်းသွားချင်နေပြန်ပါပြီ။ တစ်စာတည်း စာနေသော သားဖြစ်သူနဲ့လည်း ခက်ပါသည်။

"အဖျားငွေ့က ရှိသေးတယ်.. ပြီးတော့ မနေ့က လွှမ်းရိပ်လေး ပြန်တော့ အတန်းပိုင်ကို ခွင့် တိုင်ခိုင်းလိုက်တယ်... ဒီနေ့တစ်ရက်တော့ အိမ်မှာနားလိုက်ဦး... ပြန်ဖျားမှာစိုးလို့"

"မေမေနဲ့တော့ တစ်ကယ်ပဲ ခက်တယ်ဗျာ"

"မင်းစံအိမ်! မင်းအခုပြောနေတာ မင်းအမေနော်... ကိုယ့်အမေကိုများ ခက်တယ်လေး၊ ဘာလေးနဲ့... မေမေက သားအတွက်ပြောနေတာ မဟုတ်ဘူးလား"

"မဟုတ်ဘူးလေ မေမေရာ... ကျွန်တော် အခုနေကောင်းနေပြီ ကျောင်းသွားလို့ရပြီ"

ဧည့်ခန်းထဲမှာ သတင်းစာ ထိုင်ဖတ်နေသည့် ဖေဖေက မင်းစံအိမ်နှင့် မေမေ၏ စကားဝိုင်းထဲသို့ ဝင်ရောက်ပြီး ပြောလာလေသည်။

"သား"

"ဗျာ... ဖေဖေ"

"သား ကျောင်းသွားမှာဆို သွားတော့"

"ဟုတ် ဖေဖေ... ကျွန်တော် သွားပြီ"

ကယ်တင်ရှင် ဖေဖေ့ကို မင်းစံအိမ်သည် နှစ်လိုဖွယ် ပြုံးပြလိုက်ပြီး မေမေ့ကိုတစ်ချက်မျှ မကြည့်တော့ပဲ လေလုံးလေးလိုပင် ဝှီခနဲ ပြေးထွက်သွားတော့သည်။

ဒေါ်နှင်းအိမ်သည်တော့ ကြောင်အနေရာမှ သတိဝင်လာပြီး-

"မင်းစံအိမ်! မင်း ဘယ်သွားမှာလဲ? မေမေ ခေါ်နေတယ်နော်... အခုပြန်လာခဲ့"

ဒေါ်နှင်းအိမ် ခေါ်နေပေမယ့်လည်း မင်းစံအိမ်၏ ဆိုင်ကယ်လေးသည် ဝူးခနဲ မောင်းထွက်သွားပြီ ဖြစ်သည်။

"ကိုမင်းစံ! ရှင်ဟာလေ"

"မင်းကိုက မဟုတ်တာ ဒေါ်နှင်းအိမ်"

"ရှင်က မှ မဟုတ်တာ ကိုမင်းစံရဲ့... ကိုယ့်သားအကြောင်း ကိုယ်မသိဘူးလား"

လွှမ်းရိပ်စံအိမ် { လွှမ်းရိပ်စံအိမ် } [Completed] Donde viven las historias. Descúbrelo ahora