🏡 လွှမ်းရိပ်စံအိမ် 🏡
အခန်း {၁၆}
မင်းစံအိမ်ဘက်သို့ မျက်နှာမူကာ အိပ်ပျော်နေသည့် လွှမ်းရိပ်ကို ကြည့်ရင်း တံတွေးတစ်ချက် မြိုချလိုက်မိသည်။
ပါးတစ်ဖက်ကို ဖိပြီး စောင်းအိပ်နေသောကြောင့် အပေါ်နှုတ်ခမ်းလေးသည် ရှေ့သို့ အနည်းငယ် ထော်နေသယောင် ရှိသည်။
နီညိုရောင်သန်းနေသည့် နှုတ်ခမ်းကို ကြည့်ရင်း တစ်ကြိမ်တစ်ခါ ခိုနားဖူးသည့် ရပ်ဝန်းလေး ဖြစ်သောကြောင့် အရသာကို သိကာ နောက်တစ်ကြိမ်ထပ်၍ ယစ်မူးနေချင်မိသည်။
နူးညံ့အိထွေးသည့် အထိအတွေ့လေးကို လိုချင်တောင့်တပေမယ့် လွှမ်းရိပ် နိုးလာလျှင် မင်းစံအိမ် အသက်ပျောက်နိုင်သောကြောင့် လိုချင်တပ်မက်သည့် စိတ်များကို ချုပ်တီးကာ အိပ်ရာမှထ၍ ရေချိုးခန်းထဲသို့သာ ဝင်သွားလိုက်သည်။
ချစ်ရသူ နိုးလာလျှင် စားရန် ထမင်းအိုးတည်လိုက်ပြီး မကြော်တက်၊ ကြော်တက်ဖြင့် ကြက်ဉလေးပါ ကြော်ထားလိုက်လေသည်။
အိမ်မှာ ကြက်ဉကြော်တက်အောင် လေ့ကျင့်ခဲ့ပေမယ့်လည်း ကောင်းမွန်စွာတော့ မကြော်တတ်သေးပေ။
ဆီမပူသေးပဲ ကြက်ဉကို ဖောက်ထည့်လိုက်သောကြောင့် ထင်ပါသည်... ကြက်ဉအသွင်အပြင်မှာ ထူးဆန်းလို့နေလေသည်။ အပေါ်အောက်လှန်လိုက်သောအခါ ကြက်ဉအနှစ်များသည် ဘေးဘက်များသို့ ရောက်ကာ ပေပွကုန်လေသည်။ နောက်တစ်လုံး ထပ်ကြော်သောအခါတွင်လည်း ထိုနည်းတူစွာပင် ဖြစ်ပါသည်။
မေမေထည့်ပေးလိုက်သည့် ကြက်သားကြော်များ၊ ဝက်အူချောင်းကြော်များ၊ ငါးခြောက်ငရုတ်သီးကြော်များကို ပန်းကန်များထဲသို့ သပ်ရပ်စွာ ထည့်ထားလိုက်ပါသည်။
"လွှမ်းရိပ် နိုးပြီလား... ဒါဆို ကိုယ်ထမင်း သွားခူးလိုက်တော့မယ်နော်"
မင်းစံအိမ်သည် ဧည့်ခန်းမှာ ဖုန်း သုံးနေရင်း အိပ်ခန်းထဲမှ ထွက်လာသော လွှမ်းရိပ်ကို ပြောလိုက်ခြင်း ဖြစ်သည်။
မင်းစံအိမ်ကို ရှိသည်ဟုပင် မသတ်မှတ်ပဲ လွှမ်းရိပ်သည် ရေချိုးခန်းထဲသို့ ဝင်သွားလေသည်။
YOU ARE READING
လွှမ်းရိပ်စံအိမ် { လွှမ်းရိပ်စံအိမ် } [Completed]
Romance🏡 လွှမ်းရိပ်စံအိမ် 🏡 "မောင်ကိုယ်တိုင်တောင် မသိလိုက်ပါပဲ အိန်းကို ချစ်မိသွားခဲ့တာ" "......" "အိန်းရဲ့အချစ်နွံမှာ မောင် ရုန်းမထွက်နိုင်ခဲ့ဘူး... ရုန်းလေ ရုန်းလေ ပိုပြီးနစ်လေ ဖြစ်ခဲ့တယ် အိန်းရယ်" "အခုကော ကိုယ့်ရဲ့ အချစ်နွံထဲကနေ ရုန်းထွက်ဖို့ ကြိုးစား...