🏡 လွှမ်းရိပ်စံအိမ် 🏡
အခန်း {၂၀}
"အား!! ချစ်လိုက်တာ ကိုယ့်ကောင်လေးရာ"
မင်းစံအိမ်သည် လွှမ်းရိပ် ကိုယ်ကြီးကို အတင်းအကြပ် ဖက်ထားပြီး ထိုစကားကို တတွတ်တွတ် ပြောနေလေသည်။ ထို့ပြင် လွှမ်းရိပ်၏ မျက်နှာအနှံ့ကိုလည်း တရွှတ်ရွှတ်ဖြင့် နမ်းနေသေးသည်။ မင်းစံအိမ်၏ မျက်ဝန်းထဲတွင် ပျော်ရွှင်၊ ကြည်နူးမှုကြောင့် မျက်ရည်စများပါ ရစ်သိုင်းနေလေသည်။
"ပြောပါဦး... ကိုယ့်ပုံတွေကို ခွင့်ပြုချက်မတောင်းပဲ ဘာလို့ ခိုးရိုက်ထားတာလဲ.. ဟင်...."
"အိန်းက အရမ်းချစ်ဖို့ကောင်းနေလို့။ မောင်တောင် သတိမထားမိပဲ ရိုက်မိခဲ့တာ"
မင်းစံအိမ်သည် လွှမ်းရိပ်၏ ဖုန်းထဲမှ သူ၏ ပုံများကို တွေ့ပြီး ကြည်နူးနေတာ ဖြစ်သည်။ ဆယ်တန်းအောင်စာရင်း ထွက်ပြီး သူငယ်ချင်းများနှင့် မေတ္တာစမ်းရေ ဂေဟာ သွားကြသည့် အချိန်က ပုံများ ဖြစ်သည်။ မင်းစံအိမ် အိပ်ပျော်နေသည့်အချိန် ရိုက်ထားသည့်ပုံများက လွှမ်းရိပ်၏ ဖုန်းထဲတွင် ပိုများလေသည်။
"ဧပရယ်မွန်း ဧည့်ရိပ်မွန်မှာတုန်းက မောင့်ကို အိန်း ခိုးနမ်းနေတာ မောင် သိတယ်"
"အဲ့ဒါကြောင့် မင်း နဖူးမှာ ချွေးတွေပြည့်နေတာပေါ့လေ"
" အဟွန်း! ဟုတ်တယ် "
ချစ်ရသူနှင့်အတူ ဖြတ်သန်းရသည့် နေရက်များသည် ဘဝ၏ အချိန်များစွာထဲမှ အသာယာဆုံး အချိန်တစ်ခု ဖြစ်ပါသည်။ မင်းစံအိမ်သည် အချစ်နှင့် ထိတွေ့ကာ ပျော်ရွှင်ကြည်နူးနေလေသည်။
"မောင်..."
ရင်ခွင်ထဲမှ အိန်း၏ သာယာနာပျော်ဖွယ် အသံလေးကြောင့် ထိုကောင်လေးကို လွှမ်းရိပ် ငုံ့မိုးကြည့်ရင်း ဖြူဝင်းပြီး သွေးကြောမျှင်လေးများ ယှက်ဖြာနေသည့် ပါးပြင်နုနုလေးကို အသည်ယားစွား ဆွဲဖျစ်လိုက်ပါသည်။ လွှမ်းရိပ်လက်ချက်ကြောင့် နုနယ်သည့် အိန်း၏ ပါးပြင်လေးမှာ နီစွေးသွားလေသည်။
"လွှမ်း ရိပ်"
ပွစ်...။
အိန်း၏ နဖူးလေးကို လွှမ်းရိပ် နမ်းရှုံ့လိုက်လေသည်။
VOCÊ ESTÁ LENDO
လွှမ်းရိပ်စံအိမ် { လႊမ္းရိပ္စံအိမ္ } [Completed]
Romance🏡 လွှမ်းရိပ်စံအိမ် 🏡 "မောင်ကိုယ်တိုင်တောင် မသိလိုက်ပါပဲ အိန်းကို ချစ်မိသွားခဲ့တာ" "......" "အိန်းရဲ့အချစ်နွံမှာ မောင် ရုန်းမထွက်နိုင်ခဲ့ဘူး... ရုန်းလေ ရုန်းလေ ပိုပြီးနစ်လေ ဖြစ်ခဲ့တယ် အိန်းရယ်" "အခုကော ကိုယ့်ရဲ့ အချစ်နွံထဲကနေ ရုန်းထွက်ဖို့ ကြိုးစား...