🏡 လွှမ်းရိပ်စံအိမ် 🏡
အခန်း {၁၅}
"သံလိုက်အုံအဝိုင်းစီး ၃ကွင်း မကောင်းလို့ ဉီးလေးဆိုင်ကယ်က အင်ဂျင်ဝိုင်ယိုနေတာ"
"မင်း အဆင်ပြေသလို လုပ်ပေးလိုက်ကွာ လွှမ်းရိပ်ရာ.. ငါက နားလည်တာလည်း မဟုတ်ဘူး"
"ကျုပ် အဆင်ပြေအောင် လုပ်ပေးမယ်... ခဏတော့ စောင့်ရမယ် ဉီးလေး"
"ဟုတ်ပြီ ငါ့တူ... ဟိုခုံတန်းမှာ စောင့်မယ်နော်.. သွက်သွက်လေးတော့ လုပ်ပေးပါအုံးကွာ"
ဉီးမင်းမောင်၏ တောင်းဆိုချက်ကို လွှမ်းရိပ် ခေါင်းညိတ်ပြီးသာ အဖြေပေးလိုက်လေသည်။
"လွှမ်းရိပ်"
သံလိုက်အုံ အဝိုင်းစီး လဲပေးနေတုန်း ခေါ်သံကြောင့် လှည့်ကြည့်လိုက်မိသည်။
"ဆုလပြည့် ဘာလဲ"
"ငါ ဆိုင်ကယ်မှာ အမိုးတပ်ချင်လို့"
"ရှေ့က ဟိုကောင့် ဆိုင်မှာ နင်ကြိုက်တဲ့ ပုံစံ သွားဝယ်လိုက်"
"နင်လိုက်ခဲ့ပေးလေ... ဘယ်ဟာကောင်းလဲ ငါ့ကို လိုက်ရွေးပေး"
"အကုန်လုံးကောင်းတယ်... နင်ကြိုက်တာသာ ယူခဲ့လိုက်"
မင်းစံအိမ်၏ 'Car & Motorcycle Accessories' ဆိုင်လေးသို့ ဆုလပြည့်လည်း သွားလိုက်သည်။
"မဂ်လာပါဗျ"
ဆုလပြည့် ဆိုင်ထဲသို့ရောက်သောအခါ ဝန်ထမ်းကောင်လေးနှစ်ယောက်က နှုတ်ဆက်လာလေသည်။
မင်းစံအိမ်ကို ဆုလ ကြည့်မိတော့ ပြတင်းပေါက်နားက စားပွဲနှင့် ထိုင်ခုံမှာ ကျကျနန ထိုင်ပြီး စာဖတ်နေလေသည်။ ထိုပြတင်းပေါက်ကနေဆို ဝပ်ရှော့ကို တန်းနေအောင် မြင်ရလေသည်။ မင်းစံအိမ်သည်လည်း ဆုလလို လွှမ်းရိပ်ကို သဘောကျနေသည် မဟုတ်ပါလား။
"အစ်မ ဘာယူမလဲဗျ"
ဆုလ အတွေးများနေရာမှ ဝန်ထမ်းကောင်လေး၏ အသံကြောင့် သတိကပ်တော့သည်။
"အစ်မကို ဆိုင်ကယ် အမိုးတွေ ပြပေးနော်"
"...."
"ဒါလေးက စတီးကိုင်း နှစ်ခုပါတယ်... ပြီးတော့ အမိုးလည်း ထူတယ်.. တောင့်ပါတယ်ဗျ... နောက်တစ်ခုကတော့ စတီးကိုင်းတစ်ခုပဲ ပါတယ်... သူက ထီးလိုပုံစံမျိုးဗျ... ဒါကတော့ စတီးကိုင်းတွေ မပါဘူးဗျ.. သူက ရိုးရိုးအမိုးပဲ... သူက ဖြုတ်ရ၊ တပ်ရ လွယ်တယ်ဗျ"
KAMU SEDANG MEMBACA
လွှမ်းရိပ်စံအိမ် { လွှမ်းရိပ်စံအိမ် } [Completed]
Romansa🏡 လွှမ်းရိပ်စံအိမ် 🏡 "မောင်ကိုယ်တိုင်တောင် မသိလိုက်ပါပဲ အိန်းကို ချစ်မိသွားခဲ့တာ" "......" "အိန်းရဲ့အချစ်နွံမှာ မောင် ရုန်းမထွက်နိုင်ခဲ့ဘူး... ရုန်းလေ ရုန်းလေ ပိုပြီးနစ်လေ ဖြစ်ခဲ့တယ် အိန်းရယ်" "အခုကော ကိုယ့်ရဲ့ အချစ်နွံထဲကနေ ရုန်းထွက်ဖို့ ကြိုးစား...