Part -1💛

7.2K 231 9
                                    

My idol is become my husband
Part 1
---------
တိုက်အိမ်ခန်းလေးတစ်ခုထဲကချိတ်ဆွဲထားတဲ့ပန်းချီတွေကလူပ်ခါနေသလို
ပဲအောက်ထပ်အပေါ်ထပ်ရှိတဲ့အခန်းမှန်သမျှကသူတွေကလည်းနားပိတ်ထား
ရတယ် အခန်းနံပါတ် 85မှာရှိတဲ့တိုက်ခန်းကကောင်လေးတစ်ယောက်ကြောင့်ပေါ့။

"Wang yi bo!!! အား!! "

မနက်တိုင်းရှောင်ကျန့်က ဝမ်ရိပေါ်သီချင်းကိုထထဖွင့်တယ် ဖွင့်တာတောင်မှ
Bluetooth နဲ့ချိတ်ပြီးဖွင့်တာ ဒါ့ကြောင့်ပဲလူတွေနားပိတ်ထားရတာပေါ့
ရှောင်မားကသူ့သားအခန်းတံခါးကိုလာဖွင့်သည် တံခါးမခေါက်တော့ပါ
ခေါက်လဲကြားရတာမှမဟုတ်တာ အခန်းထဲကိုဝင်ကာ bluetoothကို
ပိတ်လိုက်တော့မှ ရှောင်ကျန့်လဲကတာရပ်သွားတော့တယ်။

"မားကလည်း ဘာလို့ပိတ်လိုက်တာလဲ"

"နင်မနက်တိုင်းဖွင့်နေတာ တိုက်ခန်းတိုင်းကသူတွေလာလာပြောတယ်
ငါစိတ်ညစ်လွန်းလို့ပါအေ"

"မားကလည်း သူတို့မကြိုက်ရင်နားပိတ်ထားပေါ့ သားကသားidolသီချင်း
ကိုဖွင့်တာ"

ရှောင်ကျန့်က နာမည်ကြီးမင်းသားဝမ်ရိပေါ်ရဲ့တစ်ကယ့်big fanကြီး
ရှောင်ကျန့်မားမှာအခန်းကိုလှည့်ပတ်ကြည့်လိုက်ရသည် စင်တွေပေါ်မှာ
ဝမ်ရိပေါ်ပုံစံအရုပ်တွေ albumတွေ နံရံတွေမှာ ဝမ်ရိပေါ်ပုံစံပိုစတာ
ဝမ်ရိပေါ်ပုံစံအရုပ် ဝမ်ရိပေါ်ပုံစံခေါင်းအုံးတောင်ပါလိုက်သေးတယ် အမယ်လေးလေး သူမဘယ်လိုဟာမျိုးမွေးထားတာပါလိမ့် မအေကိုတောင်
ဒီလောက်ချစ်မှာမဟုတ်ဘူး။

"ရှောင်ကျန့် နင်ဟာလေ 26နှစ်ရှိနေပြီ ရူးနေတုန်းပဲလား"

"ဟွန်း...မားကလည်း သားဘာသာရူးတာဘာဖြစ်လဲ "

"ဟယ် နင်အလုပ်မလုပ်ဘူးလား နင့်ကိုပညာရှာပေးထားတာ ဘယ်နား
သွားသုံးစားမလဲ အမယ်လေး ရှောင်ကျန့်ရယ်... ငါငိုချင်တယ်နော်!"

"မားကလည်း သားဘာသာကြိုက်တာကို ဒီမှာကြည့်"

ရှောင်ကျန့်က ဝမ်ရိပေါ်ပုံစံခေါင်းအုံးကိုယူကာ သူ့မားရှေ့ပြပြီး ဖက်ထား
ပြသေးသည်။

"မားသားမက်လေးကိုကြည့်ပါဦး ကျက်သရေလေးအဖျာဖျာနဲ့ကိုပြည့်စုံနေတာ မားရောသဘောမကျဘူးလားဟင် "

My idol is become my husband Where stories live. Discover now