My idol is become my husband
Part 15💛
-------------
"ဟယ်လို နိဟောင် ကျွန်တော်က ရှောင်ကျန့်ပါ ""ကျွန်တော်က ၀မ်ရိပေါ်ပါ "
ရိုက်ကွင်းနားချိန်မှာ အစီအစဉ်တစ်ခုက အင်တာလာဗျူးတာမို့
သူတို့နှစ်ယောက်ဖြေကြားရသည် ။"ကျွန်မတို့ဘက်ကနေမေးတဲ့အရာလေးတွေကိုဖြေပေးရင်ရပါပြီ"
"ဟုတ်ကဲ့"
*ရိုက်ကွင်းနောက်ကွယ်မှာ နားချိန်အတွင်းဘာလုပ်ဖြစ်လဲ*
"အာ... ကျွန်တော်ကတော့ ဇာတ်ညွှန်းလေ့ကျင့်ဖြစ်တယ် မဟုတ်ရင်လည်း သီချင်းနားထောင်တယ် အဲ့တာပါပဲ"
ရှောင်ကျန့်က သူလုပ်ပုံကိုင်ပုံတွေကိုရှင်းပြပေးတယ် အမှန်တကယ်သူလုပ်တာပါပဲကို ၀မ်ရိပေါ်ဖြေရတော့ တွန့်ဆုတ်တွန့်ဆုတ်နဲ့ ရှောင်ကျန့်ကိုလဲ ခိုးခိုးကြည့်တယ်။
"ကျွန်တော်ကတော့ ဒီအတိုင်းပါပဲ ဂိမ်းဆော့တာပေါ့"
"မှားတယ် ၀မ့်လောင်ရှီးက ငါ့ပါးကိုအမြဲတမ်းလာလာဆွဲနေတာ
အမြဲတမ်းပဲ ""တိုင်နေတာလား"
"ဟုတ်တယ် "
"ဟား...ဟား... အဲ့တာလဲ တစ်၀က်ပါတယ်"
ယခုအင်တာဗျူးသူတွေက ၀မ်ရိပေါ် အရင်ဇာတ်ကားတွေတုန်းက
လည်း လာမေးဖူးတာမို့ ရိပေါ် အကျင့်တွေကိုသိတယ် ဒါပေမဲ့ လည်း
ဒီလောက်အထိရင်းနှီးဖြစ်တယ်ဆိုတာတော့မတွေ့ဖူးဘူး အရင်ကဆို အင်းအင်း ပဲဖြေနေတာ တိုတိုနဲ့လိုရင်းပဲ ။*ရန်ဖြစ်ဖူးတာတွေရှိလား*
"အဲ့တာတော့မရှိဖူးဘူး ဒါပေမဲ့ ၀မ့်လောင်ရှီးက ငါ့ကိုပါးဆွဲရင်ဆွဲ
မဟုတ်ရင် အမြဲလိုက်ရိုက်တယ် ""ရှောင်းလောင်ရှီး ပြောသလိုပါပဲ"
*၀မ်ရိပေါ် အနေနဲ့ ယခင်ကလုပ်ဖော်ကိုင်ဖက်တွေကို ဒီလိုလုပ်ဖူးလား*
"မလုပ်ဖူးဘူး "
"ဒါဆို ငါ့ကြမှလုပ်တာပေါ့"
"ကော ကချစ်ဖို့ကောင်းလို့ပေါ့ "
ရှောင်ကျန့် မျက်နှာလွှဲလိုက်တော့ ကင်မရာကိုင်တဲ့လူကြီးကပြုံးချင်
သလိုဖြစ်နေတယ် မေးနေတဲ့သူကလည်း ရီချင်တာကိုအောင့်ထားပုံ
ပေါ်တယ်။
YOU ARE READING
My idol is become my husband
Fanfictionကိုယ်ချစ်တဲ့idolကလည်းကိုယ့်ယောက်ျားဖြစ်လာနိုင်ပါတယ် ကိုယ့်ရဲ့ idolကလည်းကိုယ့်ယောကျာ်းဖြစ်လာနိုင်ပါတယ်