Part - 3💛

2.3K 196 6
                                    

My idol is become my husband
Part - 3
-----------
အဝါရောင်ပန်းခင်းကြီးထဲဝယ်ဖြစ်သည် ရှောင်ကျန့်မှာဤအဝါရောင်ပန်းခင်း
ကြီးထဲကိုလျှောက်ပြေးနေရတာကိုသဘောကျတယ် ကာနိုလာပန်းခင်းကြီး
ပေါ့ ခပ်လှမ်းလှမ်းမှာယောက်ျားတစ်ယောက်ကသူ့စီလျှောက်လာနေတယ်
မည်သူလဲတော့သေသေချာချာမသိရပေမဲ့လည်း အနားကပ်လာတော့မှ
ဝမ်ရိပေါ်ဖြစ်နေလေတယ်။

"ဝမ်...ဝမ်ရိပေါ်လား"

"ရှောင်ကျန့်...ရှောင်ကျန့်"

"ဗျာ.."

"ရှောင်ကျန့်.."

"ပြောလေ ဘာလို့နာမည်ပဲခေါ်နေတာလဲလို့"

"ရှောင်ကျန့်!!!"

"အား!!"

ရှောင်ကျန့်မှာလန့်နိုးလာရသည် မျက်လုံးကိုပွတ်သပ်ပြီးကြည့်မိတော့မှ
သူ့မားကသူ့ကိုအော်နိုးနေတာ ဘာကြီးမှန်းလဲမသိဘူး အိမ်မက်ထဲမှာ
ဝမ်ရိပေါ်ကိုတွေ့နေတာကို...။

"ဘာလည်းမားရာ...သူများအိပ်နေတာကို"

"ဟဲ့! မနေ့ညကဒင်းဘယ်သွားနေတာလဲ"

"ဟို...မားသားမက်လေးရဲ့showပွဲသွားတာ"

"အောင်မယ်လေးတော်... ငါတောင်မသိလိုက်ရပါလား"

"ဘယ်သိမလဲ ခိုးထွက်တာကို"

*ဒေါက်*

ရှောင်မားမှာရှောင်ကျန့်ခေါင်းကိုဒေါက်ခနဲခေါက်ပြီးနိုးရသည် ရှောင်ကျန့်က
အသက်အားဖြင့် 27ပြည့်တော့မယ် အခုထက်ထိအိမ်မှာ17နှစ်အရွယ်လုပ်လို့ကောင်းတုန်း idolကိုအားပေး
လိုက်တာဆိုလဲ ဝက်ဝက်ကွဲ။

"ရှောင်ကျန့် ငါ့ကိုပြောစမ်း...နင်မရှက်ဘူးလား"

"ဘာကိုလဲ"

"နင့်ထက်အသက်6နှစ်ငယ်တဲ့ကောင်လေးကိုအားပေးနေရတာလေ"

"ဟွန်း...ဘာလို့ရှက်ရမှာလဲ"

"သူ့ကိုကြည့်စမ်းအသက်21နှစ်ထဲနဲ့ကို ပိုက်ဆံရှာနိုင်ပြီ နင့်ကိုကြည့်စမ်း
အိမ်ထဲမှာပဲနေပြီး အားနေယားနေအဲ့ဝမ်အိပေါ်ဇာတ်ကားပဲထိုင်ကြည့် သီချင်းတွေပဲ
နားထောင်နေပြီးတော့ နင်လေ ထွန်းပေါက်အောင်လို့တစ်ခုခုလုပ်ပါလား"

My idol is become my husband Where stories live. Discover now