Part 12💛

1.9K 174 6
                                    

My idol is become my husband
Part 12
----------
ယနေ့ရိုက်ကူးရေးတစ်ရက်နားကြပြီး တရုတ်ပြည်တစ်ခွင်လုံးမိုးရွာသွန်းနေကြတယ် နွေရာသီဖြစ်တာကိုရာသီဥတု
ဖောက်ပြန်တာပဲဖြစ်မယ်ထင်ပါတယ် ကော်ဖီပူပူနွေးနွေးလေးကိုစားပွဲပေါ်ချကာ လိုင်းဖွင့်ပြီးweiboကြည့်နေလိုက်သည်။

'မနေ့က ရေချိုးနောက်ကျလို့ နှာချေလိုက်တာကို မားမားကအိပ်ယာထဲမှာနေခိုင်းတယ် '

ရှောင်ကျန့်ကweibo updateတွေရက်ရက်ရောရောကိုပေးနေတာပါပဲလား လိုင်းပေါ်လေးတက်ကြည့်လိုက်ရင် ရှောင်ကျန့်ရဲ့ပုံတွေမှဒလဟောတွေ့ရသည်။

အဖြူရောင်hoodie လေးဝတ်ကာအိပ်ယာပေါ်မှာဓာတ်ပုံရိုက်ထားသော
ရှောင်ကျန့်က မိတ်ကပ်မလိမ်းထားတာသိသာပါတယ် comတွေမှာလည်း

'မိတ်ကပ်မပါတာတောင်မှ ငါတို့ရှောင်ထုထုလေးကချောတုန်းပဲ'
'ချစ်ဖို့ကောင်းလိုက်တဲ့ အဖြူရောင်ရှောင်ထုထုလေးပဲ'
'ရှောင်ကျန့် ဝေါ်အိုက်နီ'

နေစမ်းပါဦး သူဘာလို့ရှောင်ကျန့်postအောက်ကcomတွေအထိပါလိုက်ကြည့်နေ
ရတာလဲ သူ့အလုပ်မှမဟုတ်တာ အား...စိတ်ရူပ်ဖို့ကောင်းလိုက်တာ ရှောင်ကျန့်ကိုများ ရှောင်ထုထုတဲ့ ဘယ်နားကတူလို့လဲ...အလကား
သာလိကာလို့နာမည်ပေးရမှာ။

ဖုန်းscreen ပေါ်မှာပြေးလွှားနေသောဝမ်ရိပေါ်ရဲ့လက်တွေကရပ်တန့်သွားတယ်
အဲ့ဒီအရာကမွေ့ယာကြော်ငြာကို ရှောင်ကျန့်ကရိုက်ထားခြင်းပင်
ပြုံးလိုက်သောအပြုံးတွေကို သေသေချာချာနီးနီးကပ်ကပ်ကိုရိုက်ထားတော့
တစ်ကယ့်လုံးဝကို ချောမောလွန်းပါတယ် ရီလိုက်တော့လည်း သူ့fanတွေပြောသလိုမျိုးပဲ ရှောင်ထုထုလေးပဲ ။

'hi'

Wechat မှာရှောင်ကျန့်ကလာhiတော့ ပြန်hiလိုက်ပါတယ်သူလည်းအနည်းငယ်ပျင်းနေတာနဲ့ ဘာမှလုပ်စရာမရှိတာနဲ့ဆိုတော့အတော်ပဲပေါ့။

'ဖျားနေတာလား'

ဝမ်ရိပေါ်ဘက်ကနေပဲအရင်ပြောလိုက်တော့ သူ့စာလေးကို အသဲလေးပေးသွားပြီး ခေါင်းခါနေသောယုန်stickerပုံစံလေးပြန်ပို့လာသည်။

'နှာလေးပဲချေတာကို မားမားကအိပ်ယာထဲမှာနေခိုင်းလို့နေနေတာ'

My idol is become my husband Where stories live. Discover now