My idol is become my husband
Part 20 💛
_____________
ခြေလှမ်းသံတစ်ခုကြောင့် လန့်နိုးလာမိပြီး ကုန်းထလိုက်သည် ။"ဘယ်သူလဲ..."
ပြန်ဖြေသံမကြားရတာကြောင့် ကြက်သီးထမိသည် ဘယ်သူများလဲ
မီးဖွင့်ဖို့မပြောနဲ့ လူပ်တောင်မလူပ်ရဲပါ မဟုတ်သေးဘူးသူဒီလို
ကြောက်နေရမှာမှမဟုတ်တာ သရဲဆိုတာတကယ်မှမရှိတာပဲကို
ရှောင်ကျန့်မီးအိမ်ကိုဖွင့်ဖို့အတွက်လက်လှမ်းမိဖို့ ပြင်တော့ ရင်းနှီးလှတဲ့အသံ ကြောင့်လက်ကတုံ့ခနဲရပ်သွားသည်။"ကော...."
"ရိပေါ်လား"
"ကော...."
"ဘာလာလုပ်တာလဲရိပေါ် အိပ်မပျော်လို့လား"
"..."
ရှောင်ကျန့်ကပြောရင်းနဲ့ ညမီးအိမ်လေးကိုဖွင့်လိုက်တော့ သူတို့တစ်ဝိူက်မှာလင်းလာတယ် ရိပေါ်မျက်နှာကိုသေချာစွာတွေရပါတယ် ရှောင်ကျန့်က သူ့ဘေးနားကိုလက်လေးနဲ့ပုတ်လိုက်သည်။
"လာထိုင်လေ မင်းအိပ်မပျော်လဲ စကားပြောပေးမယ်လေနော်"
"ကော...."
"တစ်ကော ထဲ နဲ့ ကောနေတာပဲ မင်းက..."
"ကော....ကျုပ်ရဲ့ကော"
"ဟမ်..."
ရိပေါ်ကသူ့နားကိုလျှင်မြန်စွာရောက်လာခဲ့ပြီး သူ့မျက်နှာကိုကိုင်ကာ
နူတ်ခမ်းကိုလာနမ်းသည် ရှောင်ကျန့်လန့်ကာ တွန်းလွှတ်လိုက်သည်။"မင်းဘာလုပ်တာလဲ...ရိပေါ် "
"ကော.....ကျုပ်ရဲ့ကော"
"မင်းအသိစိတ်၀င်စမ်း ရိပေါ်!!!!"
ရိပေါ်ကသူပြောတာကို နားမထောင်ပဲနဲ့ သူ့လက်တွေကိုချုပ်ကာ
တွန်းလှဲလိုက်ပြီး နမ်းဖို့လုပ်နေတယ် သူကြောက်တယ် ရိပေါ်ရဲ့ဒီလိုပုံစံက.....အိမ်မက်သာဆိုနိုးထချင်တယ်...ကျေးဇူးပြုပြီး...။*Ring...*
ရှောင်ကျန့်နိုးလာတော့ သူ့ကိုဖုန်းခေါ်နေတာက မန်နေဂျာပင်
မကိုင်နိုင်သေးပါ သူလန့်လို့ရင်တွေတောင်ခုန်နေတယ် ဒီမှာရိပေါ်ရှိခဲ့တာမဟုတ်လား အိမ်မက်လား။
YOU ARE READING
My idol is become my husband
Fanfictionကိုယ်ချစ်တဲ့idolကလည်းကိုယ့်ယောက်ျားဖြစ်လာနိုင်ပါတယ် ကိုယ့်ရဲ့ idolကလည်းကိုယ့်ယောကျာ်းဖြစ်လာနိုင်ပါတယ်