Part 14 💛

1.7K 145 5
                                    

My Idol is  Become my Husband
Part 14
------------
ရိုက်ကူးရေးခဏနားသောအချိန်ဖြစ်သည် ရိုက်ကူးရေးက နန်းတော်ရာ မှာမို့ အကုန်လုံးကလည်း ခဏနားကြ ကင်မရာတွေပြန်ချိန်ကြနဲ့ အလုပ်ရူပ်နေ‌သည်။

"ဗိုက်ဆာလိုက်တာ"

ရှောင်ကျန့်က ဇာတ်ညွှန်းကျက်နေရင်းနဲ့မှထပြောသည် ဘေးနား
ကရိပေါ်ကလည်းအရိပ်အ‌ခြေအနေကိုကြည့်နေသည် ။

"အခုဆို.. အမေရိကာနို တစ်ခွက်နဲ့ ချောကလက်မုန့်လေးနဲ့ရှယ်ပဲ"

"မင်းစားချင်လို့လား"

"အင်း....အား..ဗိုက်ဆာလိုက်တာ"

"ဟန်ကော မုန့်ကျန်သေးလား ကျွန်တော့်ကိုပေး..."

ဟန်ကောစီကနေမုန့်လှမ်းတောင်းကာ ဖောက်ပြီး ရှောင်ကျန့်ကိုကျွေးသည် ။

"ငါတစ်ကယ်စားရမှာလား"

"အင်း စား"

"မစားရက်ဘူး"

"ဘာဖြစ်လို့လဲ"

"မင်းကငါ့idolလေ အဲ့တော့မင်းကျွေးတာကငါ့အတွက်အဖိုးတန်တာပေါ့"

"စားပါ နောက်မှကျုပ်ထပ်ကျွေးပါ့မယ်"

"တကယ်နော်"

"အင်း"

"ဟီး....ကျေးဇူးပါ"

ရှောင်ကျန့်က ချောကလက် ဘီစကစ်လေးကိုစားတာကို ရိပေါ်က
လိုက်ကြည့်နေတယ် ယုန်လေးတစ်ကောင်အစာတမြုံ့မြုံ့ဝါးစား
နေတာနဲ့တူတယ် ဘယ်လိုတွေတောင်ချစ်ဖို့ကောင်းတာလဲ စိတ်ထဲ
မှာကိုယ့်ဘာသာကိုယ်ပြောပြီးပြုံးနေတဲ့အပြုံးက တကယ့်လက်တွေ့
မှာ လည်းမျက်နှာကြီးမှာ ဖြီးနေတာပါပဲ ။

(၀မ်ရိပေါ်  be like -- ငါ့လင်ငါကြည့်တာဘာဖြစ်လဲ )

"ရှောင်ထုထုလေး မိတ်ကပ်နည်းနည်းပြင်ရအောင် မျက်နှာမော့"

ရှောင်ကျန့် ရဲ့  make up artist ကအနားရောက်လာကာ ရှောင်ကျန့်ကိုအနည်းငယ် မျက်ခုံးမွှေးဆွဲပေးသည် ရှောင်ကျန့်က
မုန့်စားနေတာကြောင့် ပါးလေးတွေကဖောင်းသွားလိုက်နဲ့ ပြင်လို့
ပြီးတော့ သူမလည်းအသဲယားတာကြောင့် ပါးလေးကိုကိုင်ကြည့်
လိုက်သည် ။

My idol is become my husband Where stories live. Discover now