Part 5 💛

2.4K 169 10
                                    

My idol is become my husband
Part 5
-----------
ယနေ့trainer တွေကိုစစ်ဆေးရမှာဖြစ်လို့ ဝမ်ရိပေါ်အပါအဝင်အခြား
ဖိတ်ကြားထားတဲ့နာမည်ကြီးသရုပ်ဆောင်တွေလည်းရောက်နေကြတယ်
ရိုက်ပြီးသား ဇာတ်လမ်းတွေရဲ့ လူကြိုက်အများဆုံးသောနေရာကို
ကိုယ့်အဖွဲ့နဲ့ကိုယ်စုပြီး သရုပ်ဆောင်ပြရခြင်းပင်။

"အဖွဲ့10 နန်းတွင်းဇာတ်လမ်းပေါ့ ကဲ စသရုပ်ဆောင်လို့ရပါပြီနော်"

အဖွဲ့10မှာရှောင်ကျန့်ပါတယ် ကိုယ့်အဖွဲ့နဲ့ကိုယ်ဆိုတော့ သရုပ်ဆောင်ရ
တာမခက်ခဲပါ တိုင်ပင်ထားတဲ့အတိုင်းပေါ့ အင်္ကျီတွေကကိုယ့်ပုံမှန်အင်္ကျီလိုသာလွတ်လွတ်လပ်လပ်ဝတ်ဆင်ရတယ်
သူတို့နေရာယူပြီးတော့ သီချင်းတစ်ပုဒ်ကိုစကြားရတယ်။

"ဒီအသံ....ချန်လားဟင်"

"သခင်မလေး စိတ်ထိန်းပါ ချန်ကသေသွားပြီပဲကို"

"ဟုတ်တယ် ငါပဲ.."

လက်စားချေချင်မူ့တွေနဲ့ပြင်းပြနေသော ချန်ဆိုသည့်ကာရိုက်တာနေရာမှာ
ရှောင်ကျန့်ဝင်ရသည် လက်စားချေချင်မူ့တွေပြင်းပြနေပေမဲ့လည်းချစ်ရသော
မိန်းကလေးကိုဝမ်းမနည်းစေချင်ပါ ရှောင်ကျန့်ကလုံးဝကိုစိတ်နှစ်ထားတယ်
ပြောရရင်ဤကာရိုက်တာနဲ့လုံးဝတစ်သားထဲဖြစ်သွားသလိုပင်။

ဝမ်ရိပေါ်မှာရှောင်ကျန့်ကိုသေချာကြည့်နေတယ် ဒီဟာလေးကမနေ့ညက
သူ့ကိုကလေးဆိုးဆိုးပြီးစိတ်ကောက်သွားတဲ့ဟာလေးတဲ့လား အခုတော့
တကွဲတစ်ပြားဖြစ်နေသလိုပဲ သူအာရုံစိုက်နေတုန်းပဲ ဒါရိုက်တာကြီးကသူ့ကိုလက်တို့လာသည်။

"အဲ့ ချန် နေရာမှာသရုပ်ဆောင်တဲ့ကောင်လေး မဆိုးဘူးနော်"

"အင်း..."

နောက်ဆုံးသရုပ်ဆောင်လို့ပြီးတော့ လက်ခုပ်ဝိုင်စတီးကြတယ် ရှောင်ကျန့်တို့ကနောက်ဆုံးအဖွဲ့မို့လို့ သူတို့ပြီးတာနဲ့အခြားအဖွဲ့ပါစင်ပေါ်တက်လာရသည် သူတို့တွေ result
ကိုစောင့်မျှော်နေကြတယ် ။

"အချို့သူတွေကကြိုးစားဖို့လိုသေးတယ် အချို့သူတွေကအသက်မပါဘူးဖြစ်နေတယ်"

"..."

"ဒီတော့ ငါနာမည်ခေါ်တဲ့သူတွေရှေ့ထွက်လာခဲ့နော်"

My idol is become my husband Where stories live. Discover now