Part 13 💛💐

2.1K 161 8
                                    

My idol is become my husband
Part 13 💛💐
---------------
ရှောင်ကျန့်အခုတလောသူ့ကိုရှောင်နေတာကြာပြီ ဘာကြောင့်လဲတော့မသိပေမဲ့လည်း သူတော်တော်လေးကိုပျင်း
နေတာ၀န်ခံပါတယ် ဇာတ်လမ်းကိုလည်းစိတ်နှစ်ကာသရုပ်ဆောင်လို့ယခင်တုန်းက
ရှောင်ကျန့်နဲ့ခပ်မှားမှားရယ် ။

"ကဲ ဒီနေ့ကျုပ်မွေးနေ့မို့ သောက်ကြစားကြစေ"

"ကျေးဇူးပါ ဒါရိုက်တာကြီး!!"

ရိုက်ကူးရေးအဖွဲ့သားတွေအကုန်လုံးကရီကြမောကြနဲ့ စားသောက်နေကြတာပဲ ။

"ကားပေါ်မှာသွားထိုင်နေတော့မယ်နော်"

"စားတာနည်းလှချည်လား ထုထုလေး"

"ဟုတ်ကဲ့ သိပ်မစားချင်လို့ပါ "

"အင်းအင်း သွားနေချည်"

ရှောင်ကျန့်ကရိုက်ကူးရေးအဖွဲ့တွေနဲ့ဒီကိုလာတာဆိုတော့လည်း
Companyကကားတွေလည်းမပါလာဘူး ကားပေါ်မှာ၀င်ထိုင်ကာ
စာအုပ်ထိုင်ဖတ်နေလိုက်သည် ကားတံခါးဖွင့်သံကြားတော့အခြားသူ
ဖြစ်မယ်ထင်နေတာ နောက်တော့မှ ရိပေါ်ဖြစ်နေတာပဲကို။

"အော် ရိပေါ် သွားမစားတော့ဘူးလား"

"ကျုပ်စားပြီးသွားလို့ပေါ့"

"အော်..."

ပြောရင်းနဲ့ကိုရှောင်ကျန့်ကတစ်ဖက်တိုးသွားတယ် သူဘာမှလည်း
မလုပ်ပါဘူး ရှောင်ကျန့်သူ့ကိုရှောင်နေတာ ။

"ရှောင်ကျန့်"

"အင်း..."

"ခင်ဗျားဘာလို့ကျုပ်ကိုမခေါ်တော့တာလဲ"

"ခေါ်နေတယ်လေ"

"ကျစ်! အရင်လိုပြောနေတာ.. အခုခင်ဗျားကကျုပ်နဲ့သူစိမ်းဆန်နေ
တယ် အမြဲ WeChatမှာစကားလာပြောတယ် အခုတလော.."

"..."

"ပြောစမ်းပါ"

ရှောင်ကျန့်အနားကိုတိုးကပ်သွားကာပြတင်းပေါက်ကို လက်ထောက်လိုက်ကာ အပေါ်စီးကနေရှောင်ကျန့်ကိုငုံ့ကြည့်လိုက်တယ်။

"ဖယ်ပေး... ငါနဲ့ဝေးဝေးနေ"

"ဘာလဲ ခင်ဗျားကအခုကျုပ်လောက်နာမည်ကြီးလာလို့ ဘဝင်လာမြင့်နေတာလား"

My idol is become my husband Where stories live. Discover now