My idol is become my husband
Part 6
-------------
ပင်လယ်ပြာကြီးနဲ့မိုးကောင်းကင်နဲ့ကတစ်ဆက်ထဲဖြစ်သွားသလိုခံစားရစေပါ
တယ် လတ်ဆတ်သောလေနဲ့အတူ သဘာဝအလှအပတွေကပင်ပန်းတာကို
ပျောက်စေတယ် ထိုနေရာကတော့ ဟာဝိုင်အီ ပဲဖြစ်ပါတယ်။*ဘုန်း*
ဝမ်ရိပေါ်မှာ ခုတင်ပေါ်ကိုဘုန်းခနဲပစ်လှဲကာ သက်ပြင်းတစ်ချက်ချလိုက်သည်အခုမှပဲနားပူဒဏ်ကနေလွတ်တော့တယ်
လေယာဉ်ပေါ်မှာကတည်းကိုက ကောင်းကောင်းလဲမနေရ အိပ်ချင်လို့လည်း
မအိပ်ရ ဘေးနားကနေပွစိ ပွစိ နဲ့ စကားတွေလာပြောနေတာ သာလိကာ
ဝင်စားသလားတောင်ထင်ရတဲ့ ရှောင်ကျန့်စီကနေ နားပူဒဏ်ကိုခံလာရတာ
တောက်လျှောက်ပဲ အခုမှလွတ်တော့တယ်။ရိပေါ်စဉ်းစားကြည့်တယ် သူသာ သာမန်လူတစ်ယောက်ဆိုရင်ဘာလုပ်နေမှာလဲ အခုအချိန်ပေါ့ companyမှာဝန်ထမ်းတစ်ယောက်ဖြစ်နေမှာလား ရှေ့နေတစ်ယောက်
ဖြစ်နေမှာလား ကျောင်းဆရာတစ်ယောက်ဖြစ်နေမှာလား အင်ဂျင်နီယာလား
ဆရာဝန် လား ဒါမှမဟုတ် အရာရှိလား ရူပ်ပါတယ် ဒီလိုဘဝပဲကောင်းတယ်။ခဏလေးတင်ပဲထကာ ရေကူးဖို့အတွက် အပေါ်ကစပိုးရှပ်အင်္ကျီလက်တိုနဲ့
ဘောင်းဘီဒူးခေါင်းလောက်နဲ့ထွက်လာလိုက်သည် နေကာမျက်မှန်တက်
ထားပြီးအသားဖြူသော သူ့ကို အပန်းလာဖြေတဲ့ကောင်မလေးတွေက
ကြည့်ကြည့်သွားကြသည်။"ဦးလေး...ဦးလေးဘယ်ရောက်သွားကြတာလဲ"
ထိုအသံကိုလှည့်မကြည့်ပဲနဲ့တောင်သိပါတယ် လှည့်မကြည့်ပဲနဲ့မသိချင်ယောင်ဆောင်နေတာ သူကလာဝင်တိုက်သည်။
"sorry sorry ပြန်သုတ်ပေးမယ်နော်"
"ရတယ်...ရတယ်"
"ဝမ်ရိပေါ်လား..."
"...."
"ဟုတ်တာပေါ့ဝမ်ရိပေါ်ပဲကို"
ဝမ်ရိပေါ်လည်း ရှောင်ကျန့်လက်မှလွတ်လမ်းမရှိတော့ချေ အပန်းဖြေဖို့လာ
တာရှောင်ကျန့်နဲ့လာတိုးလို့အပန်းမဖြေရတော့ဘူး။"ဝမ်ရိပေါ် ရေခဲမုန့်စားမလားဟင်"
"..."
"ဝယ်ကျွေးမှာပါဗျ"
YOU ARE READING
My idol is become my husband
Fiksi Penggemarကိုယ်ချစ်တဲ့idolကလည်းကိုယ့်ယောက်ျားဖြစ်လာနိုင်ပါတယ် ကိုယ့်ရဲ့ idolကလည်းကိုယ့်ယောကျာ်းဖြစ်လာနိုင်ပါတယ်