Part 24💛

1.3K 91 1
                                    

My idol is become my husband
Part 24💛
____________
ထမင်းစားလို့အပြီး၀ရန်တာဘက်ကိုတစ်ချက်ကြည့်လိုက်တော့
ရိပေါ်က ထိုင်နေကာကောင်းကင်ကိုမော့ကြည့်နေတယ် မားမား
ကိုပန်းကန်တွေကူသိမ်းပေးပြီး ရေခဲသေတ္တာထဲကနေ အအေးဘူး
တစ်ဘူးယူကာသွားလိုက်သည် ။

သူရောက်လာတဲ့အထိရိပေါ်က မော့ကြည့်နေဆဲပဲ သူရောက်လာ
တာကိုသတိထားမိပုံမပေါ်ပါ ကြည့်မိလိုက်တော့ မျက်လုံးမှိတ်ထား
ပြီး ခေါင်း‌မော့ထား‌တယ် လက်ထဲကအအေးဘူးနဲ့ပါးကိုကပ်လိုက်
တော့မှသတိပြန်၀င်လာလေတယ်။

"ဘာတွေခံစားနေတာလဲ"

"ဒီအတိုင်းပဲ ကျန့်ကော‌တို့မိသားစုလေးကိုကြည့်ပြီး ပါးနဲ့မားနဲ့
ကိုလွမ်းမိလို့ပါ"

"မင်းဖုန်းတစ်ခါမှမဆက်ဘူးလား"

"အလုပ်များလို့ပါကျန့်ကောရယ်....အလုပ်အားချိန်ဆိုလည်းသူတို့အိပ်နေလောက်ပြီလေ"

"ငါနားလည်ပါတယ်...."

"အင်း...."

"အခုဖုန်းဆက်ကြည့်ပါလား မင်းလည်းအားနေတာပဲလေ"

"ဖုန်းဆက်ပြီးဘာပြောရမှာလဲ"

"သူတို့ကမင်းမိဘတွေပဲလေ "

"...."

"ကဲပါ အနားမှာငါရှိတယ် လုပ် ဖုန်းထုတ် ဆက်ကြည့်..."

"အင်း...."

၀မ်ရိပေါ်ဖုန်းထုတ်ကာ မဆက်ရတာကြာလေသော ပါးရဲ့ဖုန်းနံပါတ်ကိုနှိပ်လိုက်သည် တော်တော်လေးကြာတော့မှဟိုဘက်ကဖြေသံ 'ဟယ်လို' ဆိုတာလေးကြားရတယ်။

"ဖုန်းကိုင်သွားပြီ ပြောလေ...."

ရှောင်ကျန့်ကတိုးတိုးနဲ့သူ့ဘေးနားကနေပြောတော့ သူလည်းခေါင်းငြိမ့်ပြလိုက်သည်။

"ဟယ်လို...ပါး...နေကောင်းလားဟင်..."

"ရိပေါ်...သား ဘာဖြစ်လို့လဲ"

"ဘာမှမဖြစ်ပါဘူး ကျွန်တော်..."

"နေမကောင်းရင်လဲ ဆေးရုံသွား ဂရုစိုက် အစပ်တွေမစားနဲ့ညဆို
စောစောအိပ် အလုပ်တွေလည်းဖိမလုပ်နဲ့ ဆိုင်ကယ်တွေလည်း
အရမ်း‌မမောင်းနဲ့"

My idol is become my husband Where stories live. Discover now