My idol is become my husband
Part 4
--------
ဖုန်းလေးကိုဖွင့်ကာ ရိပေါ်သီချင်းကိုဖွင့်ရင်းနဲ့ ဒီမနေ့ကပုံတွေကိုအမော
ပြေထိုင်ကြည့်နေသည် ယခုလည်းစောစောအိမ်ကနေထွက်မှရမယ်မဟုတ်ရင်မားခေါင်းခေါက်တာ
ခံနေရမယ် မနေ့ညကရိပေါ်စားဖို့အတွက်ဆိုပြီးသွားပို့တာ အိမ်ကသူတွေစား
ဖို့အတွက်တောင်မရှိတော့ဘူး သူ့မားမနေ့ညထဲကတေးထားတာသူ့အသိ
ဒါကြောင့်ပဲလှည့်ထွက်ဖို့ပြင်ရတာပေါ့။တံခါးကိုအသာလေးပိတ်ကာ ခြေလှမ်းလေးကိုဖွဖွလေးလှမ်းကာ ထွက်လာခဲ့ရသည် မထွက်ခင်မှာလည်း အင်္ကျီချိတ်တိုင်မှာချိတ်ထားတဲ့မားရဲ့
အနွေးထည်အိတ်ထဲကနေလည်း ပိုက်ဆံလေးဘတ်ဖို့မမေ့ပါ။
(ငါ့အတိုင်းပဲ)ရှောင်ကျန့်ပိုက်ဆံလေးကိုယူကာ သင်တန်းစီထွက်လာလိုက်သည် ဆိုင်ထဲကနေ ထမင်းလိပ်ဗူးလေးဝယ်ကာ လက်ထဲကကော်ဖီလေးတစ်ခွက်ကလည်းမပါမဖြစ်ပါ ဒါတွေကိုcompanyရှေ့မှာပဲစားတော့မည်။
"ဝမ်ရိပေါ် အဲ့တာမနေ့ကcamera ကိုင်ခဲ့တဲ့ကောင်လေး စိတ်ထားလေးကောင်းလိုက်တာကွာ"
ဖုန်းscreen ပေါ်မှာပြေးလွှားနေသော ဝမ်ရိပေါ်ရဲ့လက်တွေကရပ်တန့်သွားပြီး အရှေ့ကိုကြည့်လိုက်တော့ ရှောင်ကျန့်က အဘွားကြီးတစ်ယောက်ကိုလမ်းဖြတ်ကူးဖို့ကူညီပေးနေတာကိုတွေ့လိုက်ရ
တယ်။"အဖွား ဗိုက်ဆာရင် သားဒါလေးတွေဝယ်လာတယ်စားလိုက်နော်"
"ကျေးဇူးတင်ပါတယ်မြေးရယ် ငါ့မြေးလေးလိုရာဆန္ဒတွေအကုန်လုံးပြည့်ပါစေ ရုပ်လေးချောချောလေးနဲ့ဆို
တော့ မင်းသားလေးတစ်ပါးဖြစ်ပါစေ ကောင်မလေးတွေလည်းဝိုင်းဝိုင်းလည်
နေပါစေကွယ်""ဟီး...ပေးတဲ့ဆုနဲ့ပြည့်ပါစေဖွား"
ရှောင်ကျန့်က အဖွားကိုပါသမျှအစားအစာတွေပေးခဲ့တော့ သူတအားဗိုက်ဆာပါတယ် လက်ထဲမှာလည်းပိုက်ဆံကမကျန်တော့ပါ သူဘယ်လိုလုပ်ရပါ့မလဲ ဘာပဲဖြစ်ဖြစ် သင်တန်းမှာတော့ ရေလေးသောက်လို့ရတာပဲကို....။
"companyထဲဝင်ဦးမယ်"
"ဟေ..."
ရိပေါ် companyထဲဝင်လာတော့ ဝန်ထမ်းအားလုံးရဲ့မျက်လုံးကသူ့စီမှာ
အချို့ဆိုဖုန်းတွေထုတ်ပြီးဓာတ်ပုံတွေတောင်ရိုက်နေကြတာ သူရှောင်ကျန့်ကိုတော့အမှတ်တမဲ့တွေ့လိုက်ပါသေးတယ် ဗိုက်လေးကိုဖိပြီး
မျက်နှာလေးကမဲ့လို့။

YOU ARE READING
My idol is become my husband
Fanfictionကိုယ်ချစ်တဲ့idolကလည်းကိုယ့်ယောက်ျားဖြစ်လာနိုင်ပါတယ် ကိုယ့်ရဲ့ idolကလည်းကိုယ့်ယောကျာ်းဖြစ်လာနိုင်ပါတယ်