Part 25💛

1.8K 93 5
                                    

My idol is become my husband
Part 25💛
________
"ကျန့်ကော ဝေါ်အိုက်နီ"

"မင်းဘာဖြစ်နေတာလဲ၀မ်ရိပေါ်"

ကင်မရာကြီးရှေ့ထားပြီးတော့ ကျန့်ကော ဝေါ်အိုက်နီဆိုပြီးလာလာ
ပြောသောရိပေါ်ကို အောက်ကနေမသိမသာ ခြေထောက်တက်နင်းပစ်လိုက်သည် ။

"ကျန့်ကော...အရမ်းချစ်ဖို့ကောင်းတာပဲ"

"အပိုတွေ..."

အခုတလောရိပေါ်က သူ့ကိုမျက်နှာပြောင်တိုက်လာသည် အဲ့လိုဆိုတာထက်ကို လာလာပြီး ပြုံးစိစိနဲ့ စကားလာလာပြောနေတာ
ဒါကဘာလဲ....၀မ်ရိပေါ်ရဲ့ အချေစရိုက်က ‌ဘယ်တောရောက်သွားပြီလဲ ။

"ကျန့်ကော ကျွန်တော့်ဆွဲကြိုးလေးလှလား"

ရိပေါ်ကိုတစ်ချက်ကြည့်မိတော့ သူပေးခဲ့သောအရိုးဆွဲကြိုးလေးပင်
ရှောင်ကျန့်ခေါင်းငြိမ့်ပြလိုက်ပြီး ဖုန်းကြည့်နေသည် ။

"အိုက်ယား....ဒီနေ့အတော်ပူတာပဲ"

"ကျန့်ကော ပူလို့လား မူတ်ပေးမယ်လေ"

"မင်းပါးစပ်ကြီးနဲ့"

"ကျန့်ကောက ရွံတာလား"

"မဟုတ်ပါဘူး အခုအေးသွားပြီ အေးလွန်းလို့ စောင်တောင်ခြုံချင်သွားပြီဟုတ်ပြီလား မမူတ်နဲ့တော့"

"ကျန့်ကောက ရွဲ့နေတာပဲ"

"အား!! ရှီး!! မင်းဘယ်လိုဖြစ်နေတာလဲ၀မ်ရိပေါ်..."

ရှောင်ကျန့်ဆက်ခနဲထကာ ၀မ်ရိပေါ်ကိုကြည့်လိုက်တော့ လက်ညှိုး
နဲ့လက်မလေးကိုယှက်ဖြာကာ heart sign လေးလုပ်ပြလာသည်
တစ်ဖြတ်ဖြတ်နဲ့ကိုရိုက်ကာ ကိုယ့်ဘာသာကိုယ်ကားပေါ်မှာပဲ
သွားထိုင်နေလိုက်တော့သည် ၀မ်ရိပေါ်ကြည့်ရတာလဲ psycho
ဖြစ်နေတဲ့အတိုင်းပဲ ကျန့်ကော ကျန့်ကောနဲ့ ဘေးနားမှာဓာတ်ပြားကြီးလာဖွင့်ထားတာကျနေတာပဲ ။
_________
"ကျန့်ကော....ကျန့်ကော..."

"အင်း...."

၀မ်ရိပေါ် ခေါ်နေတာလည်းသူသိတယ် ဒါပေမဲ့သူ့ကိုလှည့်မကြည့်မိ
ပါကိုယ့်ဘာသာကိုယ်သိမ်းစရာရှိတာကို မိတ်ကပ်ပြင်တဲ့အခန်းထဲမှာသိမ်းနေတာကို ။

My idol is become my husband Where stories live. Discover now