Part 26💛

2K 105 10
                                    

My idol is become my husband
Part 26 💛
--------------
ယနေ့ကဖြင့် ရိုက်ကူးရေးပြီးဆုံးဖို့တစ်လလိုသောနေ့ ရိုက်ကူးပြီးတာလည်း တော်တော်လေးကိုပြီးနေပါပြီ ။

"ကျန့်ကော...ကျန့်ကော..."

"...."

သူလာတော့တစ်ဖက်လှည့်သွားသောရှောင်ကျန့်ကိုကြည့်ပြီး လက်ထဲကနားကြပ်လေးကို အရှေ့လေးမှာသွားချပေးလိုက်သည်။

"တောင်းပန်ပါတယ်..."

"မဟုတ်တာ...ငါကပဲတောင်းပန်ရမှာပါ မင်းခေါ်တာကိုလှည့်မကြည့်မိလို့"

"အဲ့တာဆို ကျန့်ကော စိတ်ဆိုးပြေတယ်ပေါ့နော်"

"အင်း...."

"၀မ်ရိပေါ် လာဟေ့ ရိုက်ကူးရေးစတော့မယ်!!"

"ကျန့်ကော...ချစ်တယ်နော်"

၀မ်ရိပေါ်ကအဲ့လိုပြောပြီး ဇာတ်လမ်းသွားရိုက်သည် ဒီနေ့အခန်းက
၀မ်ရိပေါ်ကမင်းသမီးကိုပြေးဖက်လိုက်ရသောအခန်း ။

"အသင့်နော်... action!"

"နင့်ကိုလွမ်းနေတာ...."

"အင်းပါဟယ် အခုထိကလေးဆန်တုန်းပဲ ငါ့မျက်လုံးထဲမှာတော့
နင်ကခွေးပေါက်လေးပဲရှိသေးတယ်"

"နောက်နေပြန်ပြီ..."

ရှောင်ကျန့် ရိုက်ကူးတာကိုကြည့်ရင်းနဲ့ မျက်နှာကစူပုတ်ပုတ်ဖြစ်သွားရသည်  ဘာလို့မှန်း‌တော့မသိပေမဲ့လည်းပေါ့ ။

ရိပေါ် နဲ့ မင်းသမီး ရဲ့ရိုက်ကူးရေးပြီးသွားတော့သူ့နားကိုရောက်လာတာတော့သိတယ်
လှည့်မကြည့်ပါဘူး သူ့ဘက်ကနေပဲလာပြီး သူ့ကိုစကားပြောမယ်ဆိုတာ ကိုယ်သိနေပြီပဲကို ။

"ကျန့်ကော....ကျွန်တော် ဖက်လို့ရမလား"

"မရဘူး"

"အဲ့တာဆို ကျွန်တော်ဘာပြောလိုက်လဲဆိုတာကြားရလား"

"အင်း ကြားတယ်"

"အဲ့တာဆိုဘာပြောလိုက်လဲ"

"ကျွန်တော် ဖက်လို့ရမလား"

"ရတာပေါ့....ကျွန်တော့်ရင်ခွင်က ကျန့်ကောအတွက်အသင့်ပဲဖွင့်ထားတာလေ"

"မင်း...မင်း! လူလည်ကျတယ်‌"

"ဘာမှမကျပါဘူးနော်...."

My idol is become my husband Where stories live. Discover now