Part 23💛

1.4K 111 2
                                    

My idol is become my husband
Part 23💛
__________
အဓိကဇာတ်ကောင်နှစ်ယောက်ကတော့ နားချိန်အတွင်းမှာဖဲ့ပြီးတော့အင်တာဗျူးတွေကိုလက်ခံဖြေဆို
နေရတာက ပုံမှန်အတိုင်းလိုလိုပါပဲ ။

"ဒီနေ့ကျွန်တော်က MCတစ်ယောက်အနေနဲ့ ဒီရိုက်ကွင်းတစ်ခုလုံးမှာရှိတဲ့သူတွေကို အင်တာဗျူးမှာပါ..."

ရှောင်ကျန့်က အင်တာလာဗျူးတဲ့သတင်းထောက်တစ်ယောက်
စီက‌နေမိုက်ကိုယူကာ သူကိုယ်တိုင်MCတစ်ယောက်ဖြစ်သွားသလို
မျိုးပြုမူနေသည် ။

"ဟော...ဟိုမှာ ၀မ်လောင်ရှီးကိုအရင်တွေ့တယ် အရင်သွားမေးရအောင်..."

၀မ်ရိပေါ်ကသစ်ပင်တစ်ပင်အောက်မှာထိုင်နေတော့ ရှောင်ကျန့်လည်းအနားသွားကာ သတင်းသွားမေးသည်။

"ကဲ...၀မ့်လောင်ရှီးရေ... သတင်းလေးတွေကိုဖြေကြားပေးပါဦး
နူတ်ဆက်လိုက်ပါအရင်..."

"ဟယ်လို နိဟောင်...ကျွန်တော်က၀မ်ရိပေါ်ပါ"

"ကျွန်တော်က ရှောင်ရှောင်းကျန့်ပါဗျ ဒီနေ့တော့ ကျွန်တော်က၀မ့်လောင်ရှီးကိုအင်တာဗျူးမှာပါ ရှောင်းသတင်းထောက်လေးအလုပ်စပါပြီဗျ..."

ရှောင်ကျန့်က သူ့ကိုယ်ပိုင်အမူအရာလေးတစ်ခုဖြစ်တဲ့ လက်နဲ့သေနတ်ပုံစံလေးလုပ်ကာ ပစ်လိုက်သည် မျက်လုံးလေးတစ်ဖက်ကလည်းမှိတ်ပြလိုက်သေးတယ် ၀မ်ရိပေါ်ကလည်းမျက်တောင်မခတ်စတမ်းလိုက်ကြည့်နေသည်။

"၀မ့်လောင်ရှီး ဒီဇာတ်ကားရိုက်ရတာဘယ်လိုနေလဲ ပျော်လား"

"အင်း ပျော်တယ်"

"ဒါပဲလား"

"အင်း...."

"ဝါး....ဟား..ဟား တစ်ကယ့်ကို ၀မ့်လောင်ရှီးရဲ့အချေစရိုက်ပါပဲ "

"...."

"အဲ့တာဆိုလည်း သရုပ်ဆောင်တွေထဲမှာဘယ်သူကအချောဆုံးလဲ"

"အစ်ကိုကြီး..."

"ငါကရော..."

"မချောဘူး..."

ရှောင်ကျန့်က မိုက်နဲ့၀မ်ရိပေါ်ကိုရိုက်ဖို့ပြင်လိုက်ပေမဲ့တစ်ကယ်တော့
မရိုက်ခဲ့ပါ ။

"တော်ပြီ....ငါအရမ်းစိတ်ဆိုးတယ် ရှောင်းသတင်းထောက်ထွက်ပြီ..."

My idol is become my husband Where stories live. Discover now