My idol is become my husband
Part 18️💛
----------------
ရိုက်ကူးရေးကညဘက်လုပ်ရမှာဖြစ်လို့ အကုန်လုံးပြင်ဆင်စရာရှိတာတွေပြင်ဆင်နေကြသည် ။"ဟူး....ဒီနေ့ညအိုက်တယ်"
ရှောင်ကျန့်ကတော့ယပ်တောင်တဖြတ်ဖြတ်နဲ့ bodyguard
ဦးလေးကြီးလာခြုံပေးသွားတဲ့ပေါင်ပေါ်ကစောင်ကိုဘေးဖယ်လိုက်သည် ဘေးနားမှာ၀မ်ရိပေါ်လည်းရှိတယ် သူတို့ကိုလည်းအမှတ်တရအဖြစ် Behind the sence လေး
တွေရိုက်ပေးတယ် ။"ပြန်အုပ်ထား"
၀မ်ရိပေါ်ကပြောပြောဆိုဆိုနဲ့စောင်ကိုပြန်အုပ်ပေးသည် ရှောင်ကျန့်ကတော့ဖယ်ချတယ် သူကလည်းပြန်အုပ်ပေးတယ်။
"ကျစ်! မင်းဘာဖြစ်နေလို့လဲ"
"အောက်မှာ ခြင်ကိုက်တယ် အုပ်ထား"
"ကဲ ငါအိုက်နေပါတယ်ဆို မင်းယပ်ခတ်ပေးမလို့လား ငါ့အောက်ပိုင်းကို"
"ရတယ်လေ"
၀မ်ရိပေါ်ကပြောရင်းနဲ့ ဇာတ်ညွှန်းစာအုပ်နဲ့ရှောင်ကျန့်အောက်ပိုင်းကိုယပ်ခတ်ပေးတယ်
ရှောင်ကျန့်ကလက်တစ်တွန်းတွန်းနဲ့တားရှာသည်။"ငါကစတာ ဖယ်တော့ တော်တော့"
"မဖယ်ဘူး"
"စောင်ပြန်အုပ်ထားမယ်လေနော်"
"မအုပ်ထားနဲ့ အောက်မှာခြင်ကိုက်တယ် ကျွန်တော်ခြင်ရမ်းပေးနေတယ် "
"ခြင်ဆေးခွေ တောင်းလို့ရပါတယ်"
"ကော ခင်ဗျားဟာလေ မရှိတာကိုလိုက်တမ်းတနေတယ် ဒီမှာခြင်ဆေးခွေတောင်မရှိဘူး"
"မရှိဘူးလား"
"အင်း"
"ကဲ ကျုပ်ခြင်ရမ်းပေးနေတာမို့ ဇာတ်ညွှန်းကျက်ချည်"
"မလုပ်နဲ့တော့လို့ဆို ငါအားနာလို့ ငါ့ဘာသာငါပဲယပ်ခတ်တော့မယ် ဖယ်..."
"ဇာတ်ညွှန်းသာကျက်စမ်းပါဗျာ"
"၀မ်လောင်ရှီး...."
"ပြော"
"ကျုပ်စိတ်ဆိုးမိတော့မယ်နော်"
"မလုပ်တော့ဘူးဆိုရင်လည်း မလုပ်တော့ပါဘူး"

YOU ARE READING
My idol is become my husband
Fanficကိုယ်ချစ်တဲ့idolကလည်းကိုယ့်ယောက်ျားဖြစ်လာနိုင်ပါတယ် ကိုယ့်ရဲ့ idolကလည်းကိုယ့်ယောကျာ်းဖြစ်လာနိုင်ပါတယ်