My idol is become my husband
Part 21 💛
____________
ပူအိုက်သောနွေရာသီဖြစ်တာမို့လည်း ရိုက်ကွင်းမနားရပါ ကင်မရာမန်းတွေ လုပ်စရာလုပ်နေကြတုန်း သူတို့နှစ်ယောက်က
တော့ ဇာတ်ညွှန်းကျင့်နေကြသည် ။"အအေးလေးပေးဦး"
ရှောင်ကျန့်ရဲ့Staffကအအေးဘူးထုတ်ပေးကာတစ်ခါထဲဖောက်ပြီး
ရှောင်ကျန့်ကိုပေးလိုက်သည် အအေးတွေကgasပါတယ်ဆိုတော့
ဖွင့်လိုက်တာနဲ့ စီတန်းပြီးကျသွားလေတယ် ။"ကျကုန်ပြီ နှမြောစရာကြီး"
ရှောင်ကျန့်ကအအေးဘူးကို လျှာလေးနဲ့အသာလေးယပ်နေတော့
ဘေးနားမှာကြည့်နေသောရိပေါ်ခမျာမှာတော့ တံတွေးချနေရသည်။"သောက်မလားရိပေါ်"
"ဟင့်အင်း တော်ပါပြီ"
"ပြီးရောလေ ငါလျှာနဲ့ယပ်လိုက်လို့မင်းရွံသွားတာမဟုတ်လား"
"...."
ရှောင်ကျန့်ကမျက်စောင်းလေးထိုးကာ အအေးသောက်ရင်းနဲ့ဇာတ်ညွှန်းဆက်ဖတ်နေတော့တယ် ။
"ကော...အအေးကိုဒီအတိုင်းသောက်နေကျလား"
"ဒီအတိုင်းမသောက်လို့ ငါကဘယ်လိုသောက်ရမှာလဲ"
"ပိုက်နဲ့သောက် နောက်တစ်ခါ..."
"မသောက်ချင်ပါဘူး ဒီလိုသောက်မှအများကြီးပါးစပ်ထဲ၀င်တာ"
၀မ်ရိပေါ်မှာတစ်နေ့တစ်နေ့ကိုရှောင်ကျန့်အားငေးကြည့်ရုံနဲ့ စကားပြောရုံလေးနဲ့ကတင်လွဲပြီး အဆင့်မတက်သေးတာကြောင့်
Shipနေသောသူတွေကတော့ အားမလိုအားမရဖြစ်နေကြလျက်။__________
*ဒေါက်...ဒေါက်*
"လာပါပြီ...."
ညဘက်ကြီး အိပ်တော့မဲ့အချိန်ကိုတံခါးလာခေါက်တာကြောင့်ဖွင့်လိုက်မိတော့
၀မ်ရိပေါ်ဖြစ်နေလေတယ် လက်ထဲမှာလဲ ဘီယာဘူးတွေနဲ့ ။"အိပ်မပျော်လို့ ကောနဲ့အတူသောက်ရအောင်လို့"
"ဟုတ်လား ...လာလေ"
နှစ်ယောက်သားဆိုဖာပေါ်မှာထိုင်ကာ ရှောင်ကျန့်ကTvလိုင်းကိုဖွင့်လိုက်သည် channel တွေပြောင်း
နေရင်းနဲ့မှပဲ ၀မ်ရိပေါ်ရဲ့ ဇာတ်ကားတစ်ကားက လာနေတာမို့ ကြည့်နေလိုက်သည် ။
YOU ARE READING
My idol is become my husband
Fanficကိုယ်ချစ်တဲ့idolကလည်းကိုယ့်ယောက်ျားဖြစ်လာနိုင်ပါတယ် ကိုယ့်ရဲ့ idolကလည်းကိုယ့်ယောကျာ်းဖြစ်လာနိုင်ပါတယ်