Part 22💛

1.3K 115 1
                                    

My idol is become my husband
Part 22💛
____________
"ကော ဖုန်းခနလောက်"

ရှောင်ကျန့်မျက်စိမှိတ်ရာကနေ ဖွင့်လာတော့ ၀မ်ရိပေါ်ကသူ့ဖုန်းကို
ကိုင်နေပါပြီ ဖုန်းကpasswordခံထားတာဆိုတော့ လွယ်လွယ်ကူကူနဲ့ဖွင့်လို့ရမှာတောင်မဟုတ်တာ။

"ရိပေါ်"

"အင်း "

"မနေ့ညက ငါတို့ဘာမှမဖြစ်ခဲ့ကြဘူးမှတ်လား"

"အင်း.....စဉ်းစားကြည့်ပေါ့ ကျွန်တော်လည်းနည်းနည်းမူးနေတာ
သိပ်မမှတ်မိဘူး"

"အော်....."

"ကောရဲ့ နူတ်ခမ်းဆူထားတဲ့ပုံကချစ်စရာလေးပဲ..."

"...."

ရိပေါ်ကသူ့ကိုလာပြတယ်သူ့passwordကိုဘယ်လိုများသိသွားတာပါလိမ့် လွယ်လို့များလား 1234 ဆိုပြီးထည့်ထားတာကို....။

"ချစ်စရာလေးပဲ နူတ်ခမ်းလေးဆူထော်နေတာပဲ"

"ဟာ....မပြနဲ့တော့လို့ အဲ့တာ မနှစ်ကပုံကြီး .... "

"ဘာလို့လဲ ဒီလောက်ချစ်ဖို့ကောင်းတာ‌ကို"

"ပေးဆို...ငါ့ဖုန်း..."

"ဒီလိုမျိုးလေ...ဟွန့်! စိတ်ကောက်တယ် ခေါ်ဘူး အဲ့လိုပုံစံလေး"

"၀မ်ရိပေါ်တော်တော့နော် ...."

"နေပါဦး ကောရာခနလေး"

၀မ်ရိပေါ်က WeChatကို၀င်ကာ အဲ့ပုံလေးကို သူ့အကောင့်စီပို့လိုက်သည် ။

"ကျွန်တော်saveထားလိုက်တော့မယ်  ချစ်ဖို့ကောင်းလို့"

"....."

"ရှောင်ကျန့်ရေလာတော့ဟေ့...မင်းဇာတ်၀င်ခန်းရိုက်ရတော့မယ်"

"ဟုတ်..."

ရှောင်ကျန့်ကဇာတ်၀င်ခန်းရိုက်ဖို့အတွက်သွားတော့၀မ်ရိပေါ်ပါ
နောက်ကလိုက်လာပြီး ကင်မရာကိုလာကြည့်သည်။

" ready... action!!"

ထိုအခန်းက မေယွီကစာဖတ်နေတာကို ရှောင်ကျန့်ကမေးလေး
ထောက်ကာကြည့်နေရသောအပိုင်းပင် ၀မ်ရိပေါ်မျက်ခုံးများ
စုကျုံ့သွားတယ် ။

"ဟုတ်ပြီ zoom နည်းနည်းလေးချဲ့လိုက်"

Zoom ချဲ့လိုက်တော့ ရှောင်ကျန့်မျက်လုံးအကြည့်တွေကလှပတယ်
ရှောင်ကျန့်ကဇာတ်ကောင်ထဲမှာလုံး၀ကိုနှစ်မြှုပ်ထားပုံပေါ်တယ်
လှတယ် ထိုမျက်၀န်းတွေ ဒါပေမဲ့အဲ့လိုမျက်၀န်းတွေက ထိုမိန်းမကို
အရင်ကြည့်တာကိုတော့သူမကြိုက်ပါ  ထိုမျက်၀န်းလှလှလေး
တွေကသူ့ကိုကြည့်တာပဲလိုချင်တယ် အခြားဘယ်သူ့ကိုမှမကြည့်
စေချင်ဘူး ။

My idol is become my husband Where stories live. Discover now