Ep 14 (U)

51.2K 4.2K 338
                                        


ခြံရှေ့မှ လူခေါ်ဘဲလ်တီးသံကြောင့် ထည်ဝါ မော်နီတာမှ လှမ်းကြည့်လိုက်တော့ ကိုကြီးဆိုဖာကို စက်ဘီးတစ်စီးနှင့် ရပ်နေတာတွေ့ရသည်။ ထည်ဝါက အခန်းထဲဝင်ကာ ပိုက်ဆံအိတ်နှင့် ဖုန်းကိုကောက်ယူလိုက်ပြီး အိမ်အောက်သို့ပြေးဆင်းသွားလိုက်သည်။

"မေမေကြီးရေ... တီတီလေးရေ... ဝမ်းဖိုး လမ်းထိပ်လက်ဖက်ရည်ဆိုင် ခဏသွားချင်လို့ပါ"

"ဘယ်သူနဲ့လဲ ဝမ်းဖိုး"

"ကိုကြီးဆိုဖာ လာခေါ်တယ်"

"စက်ဘီးကို လမ်းဘေးကနေ ကပ်ပြီးစီးနော်"

"ဟုတ်ကဲ့"

ထည်ဝါ ပါးစပ်ကသာ ပြန်ဖြေနေသော်လည်း လူကခြံထဲသို့ရောက်နေပြီ။ ကားဂိုထောင်ဘေးမှ ထည်ဝါရဲ့ ပြိုင်ဘီးလေးကို ထုတ်ယူလိုက်ပြီး ခြံပြင်သို့ထွက်လိုက်သည်။

"Wonderful"

"ကိုကြီး မတွေ့တာတောင်ကြာပြီ"

"အေးကွာ... ငါလည်း အလုပ်ဆင်းနေရတာနဲ့"

"လက်ဖက်ရည်ဆိုင်ပဲ သွားကြမလား"

"အေး... ညကဖုန်းဆက်ထားသလိုပဲ မင်းဉာဏ်က မင်းကိုတွေ့ချင်နေတယ်လေ"

"ဟုတ်ကဲ့"

ထည်ဝါတို့ လက်ဖက်ရည်ဆိုင်ရောက်တော့ လူရှင်းသော ထောင့်ဝိုင်းတွင် ကိုမင်းဉာဏ်က ထိုင်စောင့်နေသည်။

"Wonderful လာခဲ့ပေးလို့ ကျေးဇူးတင်ပါတယ်ကွာ... ဘာသောက်ဦးမလဲ"

"ကျွန်တော့်ကို ပေါ့ဆိမ့် တစ်ခွက်ပဲပေးပါ"

ကိုမင်းဉာဏ်က စားပွဲထိုးလေးကို ပေါ့ဆိမ့်တစ်ခွက်လှမ်းမှာလိုက်ပြီး စားပွဲခုံကို တစ်ရှုးနှင့် ပွတ်ပေးသည်။

"အစ်ကို ကျွန်တော့်ကို ပြောစရာရှိလို့လားဗျ"

ကိုမင်းဉာဏ်က ခေါင်းညိတ်သည်။ သူ့ပုံစံက ထည်ဝါနှင့် နှစ်ယောက်တည်း ပြောချင်ပုံရသဖြင့် ကိုကြီးဆိုဖာက အလိုက်သိစွာပင် ထရပ်လိုက်ပြီး...

"ငါ အိမ်ခဏပြန်လိုက်ဦးမယ်...မင်းတို့ အေးအေးဆေးဆေး ပြောကြ"

"ဟုတ်ကဲ့ ကိုကြီး"

ကိုကြီးဆိုဖာ ထွက်သွားတော့ ကိုမင်းဉာဏ်က ရေနွေးခွက်ကို ကိုင်လိုက်ချလိုက်နှင့် စိတ်လှုပ်ရှားနေပုံရသည်။ ထည်ဝါကပဲ စကားစပေးရသည်။

Wonderful PromiseWhere stories live. Discover now