Ep 6 (Z)

8.2K 337 6
                                    

"ကိုကို အိမ်ရှေ့မှာ ရောက်နေပြီ"

ဖုန်းထဲသို့ message ဝင်လာသည်နှင့် ထည်ဝါထိုင်နေရာမှ ဝုန်းခနဲ ခုန်ထလိုက်မိတော့ ဝီလျံနှင့် တေဇက လန့်သွားကြသည်။

"Wonderful ဘာဖြစ်တာလဲ"

"Guys!! Guys!! ကိုကို... ကိုကို ရောက်နေပြီတဲ့"

"ဟွန်...ပြောတော့ဖြင့် ဘာလေး ညာလေးနဲ့ ခုကျ ဖြစ်ပျက်နေတာ...မင်း အဖေနဲ့ကို တိုင်ဦးမယ်"

ထည်ဝါက ဝီလျံ့ကိုတစ်ချက်လှမ်းကန်လိုက်ပြီး ကျောပိုးအိတ်ကိုကောက်လွယ်လိုက်သည်။ တေဇက ဂိမ်းဆော့နေရာမှ ခေါင်းထောင်ကြည့်လာကာ...

"Wonderful, ဟိတ်ကောင်... လေးလေး Sweet လာမကြိုခင် ပြန်လာနော်... ငါ့ကို မြွေမဖမ်းနဲ့"

"ပြန်လာမှာပေါ့... မင်းတို့သိထားဖို့က ငါက ကိုကို့ကို လွယ်လွယ်နဲ့ စိတ်ညွှတ်သွားမှာမဟုတ်ဘူး... အခု လိုက်သွားတယ်ဆိုတာကလည်း ကိုကို့ကို လေ့လာရုံပဲ"

"ပြီးတာပဲ"

ထည်ဝါ ခြံရှေ့မှ ကိုကို့ကားကိုတွေတော့ ရင်တွေကခုန်လှုပ်နေသည်။ ကိုကိုက ဘောင်းဘီအိတ်ကပ်နှစ်ဖက်ထဲ လက်ထည့်ကာ ကားကိုမှီ၍ရပ်နေပြီး ထည်ဝါ့ကိုစိုက်ကြည့်နေသဖြင့် ခေါင်းငုံ့ပစ်လိုက်မိသည်။ ဘယ်ချိန်ဖြစ်ဖြစ် ခန့်ညားနေလွန်းသော ကိုကို့ပုံက ထည့်ဝါကို စိတ်လှုပ်ရှားစေသည်တော့ အမှန်ပင်။

"ထည်ဝါ"

"ဗျာ"

ကိုကိုက ဘောင်းဘီအိတ်ကပ်ထဲမှ Unicorn အရုပ်သေးသေးလေးတစ်ခုကို ထုတ်ယူပြီး ထည်ဝါ့လက်ထဲသို့ထည့်ပေးသည်။

"ကိုကိုနဲ့ လိုက်ခဲ့မှာလား"

"ဟုတ်ကဲ့ ကိုကို"

ကိုကိုက ကျေနပ်သလို တစ်ချက်ပြုံးပြီး ကားတံခါးကိုဖွင့်ပေးသည်။ ထည်ဝါ ကားထဲဝင်ထိုင်တော့လည်း ထည်ဝါ့ခေါင်းပေါ်ကို လက်နှင့် အုပ်ကာထားပေးဖို့ ကိုကိုက မမေ့ခဲ့ပါ။

ထည်ဝါ ကျောပိုးအိတ်ကိုချွတ်ပြီး ကားနောက်ခန်းသို့ ပစ်ထည့်လိုက်သည်။ ကိုကိုက ကားထဲသို့ဝင်ထိုင်လာပြီး ရုတ်တရက် ထည်ဝါ့ဘက်သို့ တိုးကပ်လာသည်။ ကိုကို့နှာတံထင်းထင်းက ထည်ဝါ့ပါးနားသို့နီးကပ်လာချိန်မှာတော့ ထည်ဝါ ကိုကို့ရင်ဘတ်ကိုလက်နှင့်တွန်းကာ ကိုယ်ကို ကားတံခါးဘက်သို့တိုးကပ်ပြီး ရှောင်လိုက်ရသည်။

Wonderful PromiseWhere stories live. Discover now