Ep 2 (U)

62.2K 4.9K 1K
                                        

"အမေ!! အမေ့!! အဖေကြီးရေ... လုပ်ပါဦး"

မနက်ခင်း ရုံးသွားရန်ပြင်နေတုန်း အိမ်အောက်ထပ်မှ မမဟေမာ၏ အသံက စိုးရိမ်တကြီး တုန်တုန်ခိုက်ခိုက် ထွက်လာသဖြင့် အာကာ လှေခါးပေါ်မှ ပြေးဆင်းမိသွားသည်။

"အစ်ကို"

အာကာ အောက်ထပ်ရောက်တော့ အစ်ကိုက ဧည့်ခန်းသို့ အလောတကြီးပြေးထွက်လာကာ နံရံမှကားသော့တစ်ခုကို ဖြုတ်ယူနေသည်။

"So sweet!  သားကို အခုသွားလိုက်ခေါ်ခဲ့"

"အစ်ကို့...အမေ ဘာဖြစ်တာလဲ"

"အမေ မဟုတ်ဘူး... ပေါက်ပေါက်"

"ဟင်"

အစ်ကို့ဖြေသံအဆုံးမှာ အာကာ အိမ်နောက်သို့ပြေးဝင်သွားတော့ အမေနှင့် မမဟေမာက ပေါက်ပေါက်ကို ခြုံထည်တစ်ခုဖြင့် ထွေးပွေ့နေသည်။

"ပေါက်ပေါက် ဘာဖြစ်တာလဲ အမေ"

"အန်ပြီးတော့ မလှုပ်နိုင်တော့ဘူး ဆေးခန်းသွားရမယ် သားငြိမ်းကားသွားထုတ်နေတယ်...မင်း ဝမ်းဖိုးကို ကျောင်းကနေသွားပြန်ခေါ်လာခဲ့တော့"

အာကာ စိတ်မသက်သာစွာဖြင့် မမဟေမာပွေ့ချီထားသော ပေါက်ပေါက်၏ခေါင်းလေးကို အုပ်ကိုင်ကာ ငုံ့နမ်းလိုက်ပြီး နဖူးနှင့် ခဏအပ်ထားမိသည်။

တစ်နေ့တော့ ဒီလိုအချိန်ကို ရောက်လာမည်ဟု ကြိုတွေးထားကြပေမဲ့ တကယ်ရောက်လာတော့ ရင်ထဲမှာ မချိပေ။ ပေါက်ပေါက်က အသက် ၁၅ နှစ်ရှိပြီ။ ပေါက်ပေါက်လိုခွေးမျိုးလေးတွေက သေသေချာချာ ဂရုစိုက်လျှင် အလွန်ဆုံး အသက် ၁၅ နှစ်မှ ၁၆ နှစ်အထိ ရှင်သန်နိုင်ကြသည်။

ပေါက်ပေါက်က မနှစ်ကစပြီး လှုပ်ရှားမှုတွေက အရက်ကထက်စာလျှင် နှေးကွေးလာသည်။ အစားအသောက်ကိုလည်း လျှောက်ကိုက်ပြီးဖွထားတတ်တာကလွဲ၍ ဟုတ်တိပတ်တိ မစားတော့သဖြင့် ဆေးခန်းတွေပြပြီး အားဆေးနှင့်တွဲ၍ ကျွေးနေရသည်မှာ ကြာပြီ။ အရင်လို ဝက်အူချောင်း တစ်ချောင်းတောင် ကုန်အောင်မစားသဖြင့် သားကဆို ပေါက်ပေါက်ကို အစားကျွေးတိုင်း တဖျစ်တောက်တောက်လေး ပြောနေတော့သည်။

Wonderful PromiseDonde viven las historias. Descúbrelo ahora