(A/N)
အရင်ကတော့ So sweet မသိအောင် ခိုးပြီး "Love in Zircon " ဆိုတဲ့ fic လေးထဲမှာ ကိုကိုနဲ့ ဝမ်းဖိုးရဲ့ ပျားရည်ဆမ်းခရီးလေးကို သွားရေးထားတာပါ... အခု ဒီဘက်မှာ ပြန်လာ up ပေးလိုက်ပါတယ်... So sweet ကို မတိုင်ပါနဲ့... ဒီ part 1 မှာ ပါတဲ့ ဦးငယ်နဲ့ ကိုကို က Love in Zircon ဆိုတဲ့ fic လေးထဲက main lead နှစ်ယောက်ပါ... စိတ်အပန်းဖြေဖို့ သက်သက်ပဲ ဖတ်ပါနော်.................................................................................
နွေဦးရာသီ။
ရန်ကုန်မှာ ပူစပြုလာပြီဖြစ်ပေမဲ့ ဇာကွန်မြို့မှာတော့ နွေးဦးပန်းတွေပွင့်ပြီး အအေးဓာတ်လျော့၍ နေလို့အကောင်းဆုံးအချိန်ဖြစ်သည်။ မေပယ်လ်ရွက်ဝါတွေ စတင်ကြွေကျချိန်ဖြစ်၍ ဇာကွန်မြို့၏ နေရာတိုင်းလိုလိုမှာ အဝါရောင်ရွက်ဝါ ကော်ဇောခင်းကြီးဖြန့်၍ ခင်းကျင်းထားသလို လှပ၍နေပေပြီ။ ဇာကွန်မြို့ရှိ မေပယ်လ်ပင်များသည် ဆောင်းဦးတွင်အရောင်ပြောင်းစပြု၍ နွေဦးတွင်ကြွေကျလေ့ရှိကြသည်။
ဆောင်းရာသီ တစ်လျှောက်လုံး ဝတ်ဆင်ခဲ့ရသည့် အနွေးထည်အထူကြီးများကို ခွါချ၍ မထူမပါးရောင်စုံဆွယ်တာအင်္ကျီလေးများကိုယ်စီနှင့် ဇာကွန်မြို့သူမြို့သားတို့သည်လည်း နွေဦးပန်းတို့နှင့်အပြိုင် သစ်လွင်လန်းဆန်းနေကြပြီ။
ရောင်စုံပန်းတွေလည်းဖူးပွင့်ကြပြီ။ အရှေ့ဘက်တောင်ကုန်းတွေဆီမှ လွင့်ဝဲလာသော တိမ်မျှင်တန်းတို့သည် ဇာကွန်မြို့၏ ကောင်းကင်ပြာပေါ်တွင် ပန်းချီမျိုးစုံခြယ်သပြကြပြီ။ ဤအချိန်သို့ရောက်ပြီ ဆိုသည်နှင့်
အနယ်နယ်အရပ်ရပ်မှ အပူရှောင်ရန်ရောက်လာကြသော ခရီးသွားဧည့်သည်တို့ဖြင့် တောင်ပေါ်မြို့လေးဟာ လှုပ်လှုပ်ရှားရှား ဖြစ်ရပြန်ပါပြီ။"ဦးငယ်"
ဘုန်းမြတ်၏ခေါ်သံကြောင့် အလုပ်သမားများအား စောင့်ကြည့် ညွှန်ကြားနေသော ဦးငယ်က လှည့်ကြည့်လာသည်။
"ကလေး... လာ"
ဘုန်းမြတ်က ဦးငယ်အနားသို့ရောက်သွားတော့ ဦးငယ်က ရင်ခွင်ထဲသို့ဆွဲသွင်းကာ ဖက်ထားသည်။
"ဦးငယ်... ဒီနေ့ အားလုံးပြီးနိုင်တယ် မဟုတ်လား... မနက်ဖြန်ဆို ဧည့်သည်တွေ စပြီးရောက်လာကြတော့မှာ"
YOU ARE READING
Wonderful Promise
Romance(Myanmar Boy Love Fiction-OC) Match Made In Clouds (ကြည်ညွှန်း Family) ရဲ့ Season 2 ပါ Match Made In Clouds ကို အရင်ဖတ်ပြီးမှ Wonderful Promise ကို ဖတ်ပါ ဒီဇာတ်လမ်းလေးမှာတော့ မိသားစုကြီးရဲ့ နွေးထွေးမှုတွေနဲ့အတူ Youtuber ဆယ်လီလေး Wonderful နဲ့ သူ့ က...