2

4.7K 288 34
                                    

ယွန်းအတွက် အဝတ်အစားထုတ်ပေးပြီးတော့ အိပ်ခန်းထဲက စောင်တွေကိုသေချာခေါက်နေလိုက်သည်။ဆိုဖာပေါ်ပစ်ချထားတဲ့ယွန်းရဲ့အင်္ကျီတွေကိုကောက်သိမ်းကာ လျှော်မဲ့အဝတ်တွေထည့်ထားတဲ့ခြင်းတောင်းထဲကိုပြောင်းထည့်လိုက်သည်။ဘယ်လိုပြောပြော ယွန်းတစ်ယောက်က ပစ္စည်းတွေကိုစည်းစနစ်ကျအောင်မထားပါ။သူရှိလို့ပေါ့ မဟုတ်ရင် ယွန်းတော့ကြွက်ကိုက်လောက်တယ်။

ချောက်~

"ဂျင်~ဘာတွေပွစိပွစိလုပ်နေပြန်လဲ"

"သွား!ရေစိုကြီးနဲ့လာမဖက်နဲ့..ယွန်းကို ဂျင်အမြဲပြောတယ်နော် အဝတ်တွေကို ခြင်းတောင်းထဲထည့်ဆိုတာကို ယွန်းက နားမလည်ဘူး"

"ကိုယ်မေ့သွားလို့ပါကွာ..နောက်မဖြစ်စေရဘူး"

အခုလည်းကြည့် ရေပြောင်အောင်မသုတ်ပဲ အင်္ကျီဝတ်လိုက်ပြန်ပြီး ခေါင်းကိုလည်းခြောက်အောင်မသုတ်ဘူး။ကလေးထပ်ဆိုးတယ်..ပြောရင်လည်း အင်းအဲပဲလုပ်ပြီး လိုက်မလုပ်ဘူး။တကယ်ပါ ကျန်တဲ့အချိန်တွေဆို ယွန်းကို ကြောက်ပေမဲ့ အခုလိုအချိန်မျိုးဆို ဂျင်ဟာ ဆူပူသူဖြစ်သည်။

"ယွန်း!!!!"

"အာ~ကိုယ်သိပြီးနော် ကိုယ်အခုလုပ်လိုက်ပြီး"

"အောက်မှာ ညီဖြစ်သူရောက်နေတယ်..သွားတွေ့လိုက်အုံး။
ဂျင်ကတော့ အခန်းရှင်းအုံးမယ် မနေ့ကမှရှင်းထားတာတောင် ပွရှုပ်နေတာပဲ"

ယွန်းဂီ ဆော့ဂျင်ကိုကြည့်ပြီးပြုံးရုံသာပြုံးလိုက်မိသည်။သာလိကာပေါက်စလိုပဲ စကားကတော့သိပ်များသည်။ဒါကလည်း သူမရှိတဲ့အချိန်က ပိုစကားပြောနိုင်သည်လို့ အိမ်အကူအဒေါ်ကြီးကပြောသည်။သူနဲ့ဆိုရင် ဂျင်က မဆိုသလောက်လေးပဲ စကားများသည်။အခုလိုများ စိတ်တိုင်းမကျတဲ့အချိန်မျိုးတွေပေါ့။

ဂျောင်ဂုရောက်နေပြီးမို့ အောက်ထပ်ကိုအမြန်ပင်ဆင်းလာလိုက်သည်။ဒီကောင်က ဗြမ္မာဦးခေါင်းလေး ဘယ်နေရာရောက်ရောက်ပြဿနာကိုမီးထွန်းရှာတတ်သည်။အခုလည်း သူ့ဆီကို ပြဿနာတွေရန်ကနေ လာရှောင်တာဖြစ်လောက်မည်။မပြောလည်း ဒီကောင့်အကြောင်းကို နောကျေလိူ့နေသည်။နှစ်ယောက်စလုံးက ငယ်ငယ်တည်းက အတူနေလာတာမို့ အကြောင်းသိဖြစ်သည်။

Mine!✔️✔️Where stories live. Discover now