8

2.8K 248 33
                                    

ယွန်းဂီ မနက်အစောကြီး ထွက်သွားတာမို့ ဆော့ဂျင်စောင်ခြုံလေးထဲမှာကွေးရင်ကျန်ခဲ့မိသည်။မိုးရွာတာကိုနှစ်သက်သည်။မိုးကခပ်အုံ့အုံ့မို့ ဆော့ဂျင်ပြတင်းတံခါးဆီကိုအကြည့်ပို့ထားမိသည်။ခပ်မှိုင်းမှိုင်းရာသီဥတုကြောင့် အိပ်ရာပေါ်ကနေ သူမထချင်ပါ။ဒါပေမဲ့ အကြာကြီးလည်းမနေတက်တာမို့ မျက်နှာသစ်ရေချိုးဖို့လုပ်လိုက်သည်။

အဖြူနဲ့ပန်းနုရောင်ကိုနည်းနည်းရောထားသည့် အရောင်ခပ်ဖျော့ဖျော့ရှပ်အပါးလက်ရှည်လေးကို အနက်ရောင်ချည်သားဘောင်းဘီရှည်လေးနဲ့တွဲဝတ်လိုက်သည်။ယွန်း ဝယ်ပေးထားတဲ့ရေမွှေးလေးကိုစွတ်လိုက်ပြီးအောက်ထပ်ကိုဆင်းလာလိုက်သည်။ထမင်းစားခန်းထဲကိုဝင်,ဝင်ချင်း တွေ့လိုက်ရတဲ့မျက်နှာကြောင့် အနည်းငယ်မျက်နှာပျက်သွားပေမဲ့ အလျင်မြန်ပြင်လိုက်သည်။အနည်းဆုံးတော့ ဒီလူကိုအဖတ်မလုပ်တောင်အကောင်းဆုံးမို့လား။

"ဆော့ဂျင်~ကျုပ်အတည်ပြောတာပါ ခဗျားကို တကယ်ကြိုက်တယ်"

"ထပ်ပြီးတော့ပြောပါရစေ..ငါ့မှာအိမ်ထောင်ရှိတယ်။
ဒါကိုလည်းမင်းအသိပဲ!ဒီ့ထက်ပိုပြီးပြောစရာမလိုတော့ဘူးမလား"

"ကျုပ်ဂရုမစိုက်ဘူး!!ကျုပ့်ကိုလက်ခံပေးပါနော်"

ဘေးမှာလည်း အိမ်အကူအဒေါ်ကြီးရှိနေတာမိူ့ ဆော့ဂျင်စကားပြောဆင်ခြင်လိုက်သည်။ဒီအခြေအနေကြီးက ရှက်ဖို့ကောင်းမနေဘူးလား။အိမ်ပေါ်မှာလည်းတက်နေသေးတယ်..ကိုယ်ရဲ့အကျင့်သိက္ခာကိုလည်း စော်ကားသလိုလုပ်နေသေးတယ်။ဒါကြီးက ‌တကယ့်ကိုအရှက်မရှိတဲ့လုပ်ဂပ်ဆိုတာ ဂျွန်ဂျောင်ဂုပြန်သင်ပေးရမယ်ထင်တယ်။

"ဂျွန်ဂျောင်ဂု!နည်းနည်းပါးပါးအရှက်တရားလေးရှိပါအုံး။
မျက်နှာပြောင် သိပ့်တိုက်လွန်းတယ်"

"ကျုပ့်ကိုအဲ့လိုမကြည့်နဲ့!ခဗျားရဲ့အကြည့်တွေကို ကျုပ်မကြိုက်ဘူး"

"မကြည့်စေချင်ရင် မင်းလုပ်ရပ်တွေပြင်လိုက်လေ...သူများကာမပိုင်ကို ကျူးလွန်တယ်ဆိုတာ ကောင်းတဲ့အရာများမှတ်နေလား"

"ဟက်!အဲ့သူများကာမပိုင်ကလည်း ပိုင်ဆိုင်ချင်စိတ်ဖြစ်အောင်မလုပ်နဲ့လေ။
ခဗျားမျက်နှာလေးကိုတွေ့လိုက်ရရင် သူ့အလိုလိုစိတ်မထိန်းနိုင်ဖြစ်လာတာ!!"

Mine!✔️✔️Where stories live. Discover now