ဂျောင်ဂုက သူ့အနားမှာအိပ်ပျော်နေတာမို့ ဆော့ဂျင်ဖြေးညင်းစွာထရင်း ဖုန်းကိုယူပြီးဝရံတာဘက်ကိုထွက်လာလိုက်သည်။လူကြီးဆီကို ဖုန်းခေါ်လိုက်ကာ လုပ်သင့်တာလုပ်ဖို့သူပြောလိုက်သည်။ဒီတိုင်းနေရင် အလုပ်တွေရှုပ်ကုန်တော့မှာ...ယွန်းနဲ့ဂျောင်ဂုအပေါ်ကို ဒီ့ထက်ပိုပြီးဆော့ဂျင်မကစားချင်တော့ သူတို့တွေ အဆုံးသတ်ကောင်းကြမှာမဟုတ်မှန်း ဆော့ဂျင်သိသည်။
"ဟဲလို~လူကြီးရေ အဆုံးသတ်လိုက်တော့"
*လုပ်ရတော့မှာလား ဂျင်လေး*
"လုပ်လိုက်တော့ လူကြီး...ဂျင်လေ အဆုံးသတ်ချင်လှပြီး"
*ဟက်!ဂျင်လေးရဲ့နှလုံးသားက ကိုယ့်ဆီပြန်ပါလာမှာလား...*
"လူကြီး!!ဘာတွေပြောနေတာလဲ..ဂျင်က အပျော်ဆော့နေတာပါလို့ပြောထားတယ်လေ"
*ဟက်!!ဂျွန်ဂျောင်ဂု!!အဲ့ကောင်လေးအပေါ်ကို မင်းစိတ်တွေမယိုင်နေဖို့ကိုယ်မျှော်လင့်တယ်...မဟုတ်ရင် ဇာတ်သိမ်းမလှစေရဘူး!!*
"ကင်မ်နမ်ဂျွန်း!!!ခဗျားကြီး ဘာမှလျှောက်မလုပ်နဲ့နော်!!!
နောက်ဆုံးကျွန်တော်လက်ထပ်ယူမှာ ခဗျားပါပဲ!!"*ဟဟဟဟဟ!ကိုယ်ငတုံးမဟုတ်ဘူး..ကိုယ် မင်းပြောသလိုအဆုံးသတ်ပြီးတာနဲ့..လုပ်ရမယ့် ကိစ္စတစ်ခုရှိသေးတယ်*
"ကင်မ်နမ်ဂျွန်း!!!ခဗျား ကျွန်တော်ပြောသလိုပဲ လုပ်နော်!!"
*Sorry!ကိုယ့်စိတ်က ဆုံးဖြတ်ပြီးရင် ပြန်မပြောင်းတက်လို့*
"ကင်မ်နမ်ဂျွန်း!!!!ဟာ တောက်ခ်!"
ဆော့ဂျင် ဆံပင်တွေကိုဆွဲဖွာမိသည်။ဂျွန်ဂျောင်ဂုက ဒီတိုင်းဆိုထိခိုက်တော့မှာပဲ။ကင်မ်နမ်ဂျွန်းက ပြောရင်ပြောတဲ့အတိုင်းလုပ်တက်တဲ့အကျင့်ရှိသည်။တကယ်ပါပဲ ဒီနမ်ဂျွန်းနဲ့တော့ ရူးချင်တော့တာပဲ..သူစီစဉ်ထားတဲ့အတိုင်းဆိုရင် မစ္စဂျွန်တို့ဂိုဏ်းကသာ အထိအခိုက်ပဲရှိမှာပါ။အခုဟာက ဂျွန်ဂျောင်ဂုနဲ့မင်ယွန်းဂီက အနည်းကျဉ်းလောက်ပဲ ထိခိုက်မှာဖြစ်သည်။အခုက ကင်မ်နမ်ဂျွန်းပါ,ပါလာပြီးဆိုရင် အထိအခိုက်တွေအရမ်းများတော့မှာဖြစ်သည်။
YOU ARE READING
Mine!✔️✔️
Fanfictionစကားလုံးတွေအများကြီးပဲ ဒါပေမဲ့ ငါ့အပိုင်လို့ပြောရတာအကြိုက်ဆုံးပဲ