7

2.8K 255 28
                                    

ညစာ စားဝိုင်းမှာ တိတ်ဆိတ်နေကြတဲ့လူသုံးယောက်မှာ အတွေးကိုယ်စီနဲ့သာဖြစ်သည်။တိတ်ဆိတ်မှုကို မကြိုက်တဲ့ဆော့ဂျင်ကတောင် ငြိမ်နေကာထမင်းစားနေတာမို့ ယွန်းဂီအံဩရသည်။ဂျောင်ဂုကလည်း ထမင်းကိုသာငုံ့စားနေပြီး အလိုမကျသလိူမျက်ခုံးကိုလည်းကျုံ့ထားသေးသည်။အစားများတဲ့ဆော့ဂျင်က ထူးဆန်းစွာ တို့ကနဲဆိတ်ကနဲသာစားသည်မို့ သူကပဲဟင်းတွေထည့်ပေးနေမိသည်။ဂျောင်ဂုရဲ့အကြည့်စူးစူးတွေဟာ သူ့ဆီဦးတည်လာပြီးမကျေနပ်သလို မျက်နှာလွှဲသည်။

"ဂျင် တော်ပြီးလား..အစားနည်းသလိုပဲနော်"

"ဟုတ်တယ်ယွန်း..ရင်ပြည့်ချင်သလိုဖြစ်နေလို့"

ဆော့ဂျင်ထထွက်သွားတော့ ဂျောင်ဂုကလည်းဇွန်းတွေကိုဆောင့်ချပြီးထွက်သွားသည်။မဟုတ်မှ ဒီနှစ်ယောက်က ပြဿနာတက်ထားကြတာလား။အိမ်ထဲမှာဆေးလိပ်သောက်တဲ့ကိစ္စကြောင့်လား..ဂျောင်ဂုကို သေချာမေးကြည့်အုံးမှပါ။ဆော့ဂျင်အခုလိုမျိုးဖြစ်နေတာကို သူဖြင့်မကြိုက်ပါ။နှစ်ယောက်တစ်အိုးတစ်အိမ်ထူထောင်တာမို့ ဘယ်အရာမဆိုးပွင့်ပွင့်လင်းလင်းပြောစေချင်သည်။

"ဂျောင်ဂု!ငါနဲ့ခဏစကားပြောရအောင်"

ခေါင်းသာတစ်ချက်ငြိမ့်ပြတဲ့ဂျောင်ဂုက သူ့အပေါ်စိတ်ခုစရာရှိနေသလို မျက်နှာထားနဲ့ဖြစ်သည်။ဒီမျက်နှာထားကို လွန်ခဲ့တဲ့၁၅နှစ်က တစ်ခါသာ သူမြင်ဖူးခဲ့သည်။ဂျောင်ဂုအမေက သူ့ကိုဂိုဏ်းထဲစသွင်းကာ အရေးတယူပြုမူတုန်းကဖြစ်သည်။အဲ့တုန်းက ဂျောင်ဂုက တကယ့်ကိုသူအပေါ်ကို စိတ်ခုနေတာဖြစ်သည်။မျက်မှောင်ကြီးကျုံ့ကာ အမြဲကြည့်နေကျဖြစ်သည်။တစ်ခါတစ်လေ ဒေါသမျက်ဝန်းတွေနဲ့စိုက်ကြည့်နေတက်သေးသည်။အခုလည်း အဲ့လိုဖြစ်နေသလိုခံစားရသည်။

"မင်းနဲ့ဂျင် ဘာဖြစ်ထားကြသေးလဲ"

"ဟင်းဟင်း~~ကတောက်ကစနည်းနည်းပါ ဟက်"

မထီမဲ့မြင်မျက်နှာက သူ့အပေါ်လေးစားမှုမရှိသည့်ပြယုဒ်ကိုဆောင်သည်။စကားအဆုံးမှာ တစ်ချက်ရယ်ကာ သူ့ကိုစိုက်ကြည့်လာသည့်ဂျောင်ဂုက ဘာဖြစ်ချင်နေတာလဲ။သူ့အပေါ် အမြင်မကြည်စရာရှိနေရင်တောင် ဒီကောင်အခုလိုကြီးလုပ်နေတာ မဟုတ်သေးပါဘူး။

Mine!✔️✔️Where stories live. Discover now