ဆော့ဂျင် ယွန်းဂီအနားဝင်ထိုင်ရင် ကော်ဖီခွက်လေးကို အနားတိုးပေးလိုက်သည်။ယွန်းက သူ့ခါးလေးကိုတိုးဖက်ရင် ခပ်ဖွဖွနမ်းသည်။ရင်ခုန်ချင်စရာအကြည့်တွေကြောင့် ဆော့ဂျင်အောက်နှုတ်ခမ်းပြည့်ပြည့်လေးကိုကိုက်လိုက်သည်။ယွန်းက သိပ့်ကြည့်လို့ကောင်းတာသည်။မျက်ရစ်မရှိတဲ့မျက်ဝန်းလေးတွေကအစ ကြည့်လို့ကောင်းသည်။ဒါပေတည်း သူ့အတွက်တော့ ရင်ခုန်ရုံသာဖြစ်သည်။
"ယွန်းးးအခုတလော ဘာတွေလုပ်ဖို့အစီအစဉ်ရှိသေးလဲဟင်"
"ဂျင်က ဘာလို့မေးတာလဲ"
"ကိုယ့်ခင်ပွန်းအတွက် စိုးရိမ်လို့မေးတာပေါ့..ဘာလိူ့လဲ ယွန်းကအခုလိုစိုးရိမ်တာသဘောမကျဘူးလားပြော!"
"ဟဟဟ မဟုတ်တာကွာ..ကိုယ်ကသိပ်ကြိုက်တာပေါ့။
ကိုယ်တို့စလက်ထပ်တုန်းကတောင် ဂျင်က ကိုယ့်အပေါ်အေးတိအေးစက်လေ~~အခုလိုလေး စိုးရိမ်စိတ်ကလေးရှိနေတော့ ကိုယ့်မှာပျော်ရတယ်""ဟုတ်လား~~အခုရော ရင်ခုန်နေသေးလား စမ်းကြည့်ရအောင်နော်"
"အမယ်လေး အချွဲလေးက ကိုယ့်နှလုံးခုန်သံတွေမြန်အောင်လုပ်နေတာလား...နှလုံးအရမ်းခုန်ပြီးသေသွားတဲ့လူနာကလေး မဖြစ်ပါရစေနဲ့အုံးနော် ဂျင်နဲ့ချစ်ချင်သေးတယ်"
"ဟိ!ဂျင်က ယွန်းရဲ့ကိုယ်ပိုင်ဆရာဝန်လေးလုပ်ပေးမယ်လေ...ဟော့ ယွန်း နှလုံးသားလေးက ဂျင်!ဂျင်!ဂျင် လို့မြည်နေတယ်ကြည့်စမ်း"
"ဟဟဟဟဟ...အဆိုးလေးကွာ။
ကိုယ်က နောက်၁ပတ်လောက်နေရင် ရေကြောင်းလမ်းဘက်ကနေ gunsတွေချဖို့လုပ်ရအုံးမှာ""ဪ!ဂရုစိုက်အုံးနော်...တစ်ခုခုဖြစ်ရင် ဂျင်ပဲ ရင်ကျိုးရမှာ ယွန်းအသိနော်"
ယွန်းက သူ့ကိုယ်လုံးလေးကို ရင်ခွင်ထဲဆွဲသွင်းကာ ခေါင်းလေးကိုခပ်ဖွဖွပုတ်ပေးသည်။သူကတော့ ယွန်းမျက်နှာလေးကိုငေးကြည့်ရင် အတွေးများနေမိသည်။ဒီကိစ္စတွေကို မလွန်ခင်ရပ်လိုက်ရင်ကောင်းမလား ဒါမှမဟုတ် လှောင်အိမ်နဲ့တူတဲ့ ဝင်္ကပါကြီးထဲကို ပြန်မသွားခင်အချိန်ထိ ယွန်းနဲ့အတူ အချစ်တွေဖန်တီးရင်ကောင်းမလားပေါ့။ယွန်းဆိုမှ ဂျွန်ဂျောင်ဂုကို သတိတော့ရသား ဒီကောင်လေး အခုထိမလှုပ်ရှားသေးတာ ဘာသဘောပါလိမ့်။စိတ်မအေးနိုင်သေးပါ..ဒီကောင်လေး ငြိမ်နေတာက ဂျင့်အတွက်တော့မကောင်းပါ။
YOU ARE READING
Mine!✔️✔️
Fanfictionစကားလုံးတွေအများကြီးပဲ ဒါပေမဲ့ ငါ့အပိုင်လို့ပြောရတာအကြိုက်ဆုံးပဲ