10

3.1K 238 43
                                    

"မာမီ!!ဆိုးလ်ကိုပြန်မလာဘူးလို့"

*မွှေလို့,ဝရင်ပြန်လာတော့!!ယွန်းဂီသိသွားရင် မိုးမီးလောင်လိမ့်မယ်။
တစ်ညပဲမဟုတ်လား အဲ့ကောင်လေးကို တစ်ညပဲမဟုတ်လား မာမီ့အချစ်လေးရယ်*

"မဟုတ်ဘူး!တစ်ညတာထက် ပိုလိုချင်တာ..ဘဝတစ်သက်တာအပိုင်"

*မာမီ့သားလေးရယ်..ကျစ်!အခုလုပ်နေတာက သူများကာမပိုင်ကို ခိုးပေါင်းနေတာသိရဲ့လား။
အလိုမတူပါပဲနဲ့ ခိုးယူပေါင်းသင်းနေတာမကောင်းဘူးနော်...အခုယွန်းဂီက ဒယ်ဂူကိုပြန်သွားပြီး အဲ့ကောင်လေးပျောက်နေတာသိရင် ဟူးးးး မာမီ့စကားနားထောင်ပါကလေးရယ်*

"မသိဘူးဗျာ!!!မာမီ ကျွန်တော့်ကိုမကူညီရင် ကျွန်တော်မာမီနဲ့ဝေးရာထွက်သွားမှာနော်။
မာမီမကြိုက်တဲ့ သူများကာမပိုင်ကို ခိုးယူပေါင်းသင်းတာကိုပါလုပ်မှာနော်!!"

*အခုဘယ်သူ့ကို ရာရာစစခြိမ်းခြောက်နေတာလဲ!မာမီလေ-*

"မာမီ!!!ကျွန်တော်က ခြိမ်းခြောက်တတ်တဲ့သူလား"

*အင်းးး မာမီ ကူညီပါ့မယ်ကွယ်..တကယ်ပဲ အိမ်ထောင်တစ်ခုကို သဘောကျတာနဲ့ပဲ တည်ထောင်မလို့လား သားငယ်ရယ်*

"အင်းး သဘောကျတာထက် အရမ်းပဲချစ်မိသွားလို့ပါ။
မာမီ ချစ်တယ်နော်"

*ဒီစကားက မာမီ့အတွက်အချိုသာဆုံးပဲ..ကမ္ဘာပေါ်ရှိသမျှအသံတွေထက် သားငယ်ရဲ့ဒီအသံလေးက အချိုသာဆုံးပါပဲကွယ်*

မေမေရဲ့ဒရမ်မာတွေကို နားမထောင်တော့ပဲ ဖုန်းကိုချပစ်လိုက်သည်။ကုတင်ပေါ်မှာအိပ်နေတဲ့အလှလေးကတော့ အခုထိမနိုးသေးပါ။ညကတော်တော်လေကို ခရီးပေါက်ခဲ့ကြတာကို..ဂျွန်ဆော့ဂျင်ကလေ တကယ့်ကိုချစ်ချင်စရာလေးဖြစ်သည်။ဂျွန်ဆော့ဂျင်ရယ် ကျွန်တော့်ကိုပြန်ချစ်ပေးပါလားဗျာ။

"ယွန်း!ယွန်း!!ယွန်းရေ ကယ်ပါအုံး!!!!ငါမကြိုက်ဘူးလို့!!အခုလိုမလုပ်ပါနဲ့"

"ဂျွန်ဆော့ဂျင်!!!အိပ်မက်ဆိုးတွေမက်နေတာလားဟင်..ဂျွန်ဆော့ဂျင်!!
တောင်းပန်ပါတယ်ဗျာ..ကျွန်တော်ကြောင့်"

"အင်းးး သွား!!လူယုတ်မာ!!"

ဂျွန်ဆော့ဂျင်က သူ့မျက်နှာကိုမြင်တော့ နာနာကြဉ်းကြဉ်းကြည့်ကာ ခုတင်ထောင့်စွန်းကို ကပ်သွားသည်။တစ်ကိုယ်လုံးကို ကျုံ့နေအောင်လုပ်ပြီးထိုင်နေကာ တုန်ရီနေသည်။‌အခုလိုပုံလေးက သူ့ရင်ကိုနာကျင်စေသည်။အချစ်ဆိုတာ ဒါကိုပြောတာလား..တစ်ချက်လေးမျက်နှာညှိုးသွားရင်တောင် နာကျင်ရတာမျိုးပေါ့။တောင်းပန်ပါတယ်..ဒီစကားကလွဲလို့ မပြောတက်လို့။

Mine!✔️✔️Where stories live. Discover now