ဂျောင်ဂု ဆော့ဂျင်ရဲ့ဓာတ်ပုံလေးကိုကြည့်ပြီး အလွမ်းဖြေနေမိသည်။အလှနတ်ဘုရားလေးက သူ့အပေါ်အညှာတာမဲ့လွန်းလှသည်။သူ့ကိုဆိုရင် နည်းနည်းမှကို နေရာမပေးချင်ပါ။သူလည်း လူသားပေမို့ ကိုယ်ချစ်တဲ့သူရဲ့ အချစ်ကိုတော့ခံချင်ပါသည်။ဒါပေမဲ့ မျှော်လင့်တောင်းတနေမယ့်လူတွေထဲ ဂျောင်ဂုကပါမနေပါ။မရဘူးဆိုရင် ရတဲ့နည်းနဲ့လုယူမှာဖြစ်သည်။
အချစ်ကိုမရမှတော့ အမုန်းခံရလည်း ဘာဖြစ်လဲ..ဘာ်သူ့ကိုမှဂရုမစိုက်ပဲ အမုန်းခံပစ်မှာဖြစ်သည်။လျစ်လျူရှူလည်း ဂျောင်ဂုကတော့ မျက်နှာပြောင်ဆက်တိုက်နေအုံးမှာဖြစ်သည်။အိမ်ထောင်သည်ဆိုရင်တောင် သူကတော့လုယူအုံးမှာပဲ။သူများကာမပိုင်ကို ကာမေသုလို့ ငရဲကျရမယ်ဆိုရင်တောင် ကျပါစေ။ဟူကတော့ ဆက်ပြီးတော့ ပစ်မှားနေအုံးမှာဖြစ်သည်။
"ဂျွန်ဂျောင်ဂု ဘဝမှာ မရဖူးတဲ့အရာဆိုတာ ဘာတစ်ခုမှမရှိခဲ့ဘူး!ဒါပေမဲ့ ခဗျားကတော့ ချွင်းချက်အနေနဲ့ ကျုပ်ဘဝမှာ သေမတက်လိုချင်နေတာတောင် မရနိုင်တဲ့အရာလေးဖြစ်နေပြီး ဂျွန်ဆော့ဂျင်ရဲ့!!"
ဝီစကီကို ပုလင်းလိုက်မော့ချကာ ဂျောင်ဂု ပေါက်ကွဲနေမိသည်။လက်ထဲက ဓာတ်ပုံနေရာမှာ တကယ့်အစစ်သာဆိုရင် သူ့ဘဝကြီးက သိပ့်လှသွားမှာဖြစ်သည်။အခုတော့ ဂျွန်ဂျောင်ဂုဘဝမှာ ရယ်စရာဟာသပြက်လုံးကြီးတစ်ခုတိုးလာရပြီး။ကိုယ်ချစ်ရတဲ့သူကို လူမသိသူမသိ လက်ထပ်စာချုပ်မှာလက်မှတ်ထိုးခိုင်းတဲ့ လူညံ့ကြီးတစ်ယောက်ပေါ့။
"ခဗျားကြောင့်နဲ့ ကျုပ်တစ်သက်မှာမရဖူးတဲ့ ဒုတိယနေရာမှာ နေ,နေရပြီးဗျ!!!ဂျွန်ဆော့ဂျင်ကြောင့်နဲ့ ကျုပ်ဘဝမှာ သူများအပိုင်ကို ခိုးယူပေါင်းသင်းဖူးပြီးဗျ!!!!
ချစ်တယ်!!!ခဗျားက သေမလောက်မုန်းနေရင်တောင် ကျုပ်ကတော့ သောက်ရမ်းချစ်တယ်!!!"***********
"innocent is gone~~Just,I beautiful liar!!!
He kiss me one only~~beautiful liar~~
Cause I lie just about that..."Beautiful liar သီချင်းကို ဆော့ဂျင် ခပ်မြူးမြူးဆိုနေမိသည်။ယွန်းက သူ့ကိုချစ်တယ်..သူကလည်းယွန်းကို ရင်ခုန်တယ်။ဒါပေမဲ့ သူ့ရင်ခုန်မှုက ဘာအကြောင်းပြချက်မှတော့မပါ,ပါဘူး။သူရင်ခုန်မိတာက ယွန်းက အရမ်းကြည့်ကောင်းလွန်းလို့ဖြစ်သည်။ယွန်းကတော့ သူ့ကိုနှစ်နှစ်ခါခါချစ်ပါသတဲ့...သူကတော့ ယွန်းအပေါ်ကို လှလှပပလေးလိမ်နေမိသည်။