11

2.8K 235 32
                                    

ဂျောင်ဂုရဲ့ကားပေါ်ကနေ ဆော့ဂျင်အမ့န်ဆင်းလိုက်ပြီး ခြံထောင့်စွန်းဘက်က ဆိုင်ကယ်ကိုတချက်ကြည့်ကာခေါင်းငြိမ့်ပြလိုက်သည်။ထိုဆိုင်ကယ်လေးက သူ့အမူရာကိုနားလည်စွာနဲ့ပဲ အမြန်‌မောင်းထွက်သွားတော့သည်။ဂျောင်ဂုကတော့ သူ့ကိုတစ်ချက်မဲ့ပြုံး,ပြုံးပြပြီး ကားကိုမောင်းထွက်သွားသည်။

"ဟွန်း~အရူးကောင်!ဘယ်လိုတောင်မွှန်နေရတာပါလိမ့်နော်။
သူ့အကွက်တွေများ ကင်မ်ဆော့ဂျင်တို့ကရင်တောင်မခုန်ဘူး!!"

ဒီအိမ်အကျယ်ကြီးထဲကို စ,ရောက်ထဲက အစောင့်မှန်သမျှက သူ့လူတွေချည်းပဲ။အေးချမ်းနေတဲ့ သူ့ပုံစံလေးကချစ်စရာလေးမဟုတ်ပါလား။ဒါကြောင့်မို့ ဘယ်သူမှတောင် ရိပ်မိမှာမဟုတ်ဘူးလေ။အရမ်းတော်လွန်တဲ့ယွန်းတောင်မှ သူ့အကြောင်းကို အကုန်အလုံးစုံသိတောင်မှမဟုတ်တာ။သူ့ပြောပြသလောက်ပဲ ယွန်းကသိတာလေ။တခါတလေတော့ လက်ရည်တူတွေနဲ့တွေ့နေရတာတောင် ကိုယ့်ဘက်ကအသာစီးရထားတာမို့ ပျော်ပါတယ်။

*Scorpioအဖွဲ့ခေါင်းဆောင်Jဆိုတာ ငါမပြောရင်ဘယ်သူမှသိမှာမဟုတ်ဘူး ဟက်!တုံးလိုက်ကြတာ*

ဆော့ဂျင် အေးအေးလူလူအိမ်လေးထဲဝင်လာကာ ဆိုဖာခုံပေါ်မှာငြိမ့်ငြိမ့်လေးထိုင်နေလိုက်သည်။ယွန်းဂီရောက်လာတာနဲ့ သူရဲ့မထုံတထေးပုံလေးပြရတော့မယ်မဟုတ်လား။အကြာကြီးခွာသွားလို့သတိရနေတဲ့ပုံစံလေးပေါ့။မျက်နှာမြင်ချစ်ခင်ပါစေ...အသံကြားသနားပါစေ ဒီဆုတောင်းလေးတွေက မတောင်းပဲနဲ့တောင် ပြည့်နေပြီးသာလေ။

"ဂျင်~~ကိုယ်တောင်းပန်ပါတယ်"

"ဟင့်!ယွန်း ကတိမတည်ဘူး!ဟင့် တစ်ညလုံးမအိပ်ပဲနဲ့စောင့်နေရတာ သိရဲ့လား~~ဟင့်"

"ကိုယ်တောင်းပန်ပါတယ်ကွာ~~အခုဟာက ဟိုအပြိုင်အဖွဲ့က ပစ္စည်းတွေဖြတ်ခုတ်သွားလို့ပါကွာ။
ကျစ်!ကိုယ်တိူ့လူတွေ ဆုံးရှုံးလိုက်ရတယ်!!နောက်တစ်ခါဆို ဒီကောင်တွေကို ကိုယ်လေ ကိုယ်တိုင်ပွဲသိမ်းပစ်မှာ"

"ယွန်း ထိခိုက်သွားသေးလားဟင်!!ပြောပါအုံးဂျင်စိတ်ပူလို့။
နောက်တစ်ခါဆို ဂျင့်ကိုအကုန်ပြောသွားနော်...ယွန်း ထိခိုက်မှာ ဂျင်ကြောက်တယ်"

Mine!✔️✔️Where stories live. Discover now