4

3.5K 280 53
                                    

Don't blame me,love made me crazy~~

Taylorရဲ့don't blame meကိုဂျောင်ဂုတိုးတိုးလေးညည်းနေမိသည်။ဝရံတာပေါ်ကနေမြင်နေရတဲ့ အုတ်တံတိုင်းကြီးဟာ လူတစ်ယောက်ကျော်တက်ဖို့ဆိုတာဟာ မလွယ်ပါ။အခက်မသင့်ရင်အသက်တောင်ဆုံးရှုံးနိုင်လေသည်။လွှတ်ထားတဲ့လျှပ်စစ်ဗို့အားက ခုန်နေတဲ့နှလုံးသားကိုတောင်ရပ်တန့်သွားစေသည်။‌ဒါပေမဲ့လည်း ဂျောင်ဂုအတွက်တော့ အညတရအကာအကွယ်လေးသာဖြစ်သည်။သူသာလုပ်ချင်တဲ့ဆန္ဒရှိရင် တရုတ်နိုင်ငံက မဟာတံတိုင်းကြီးကိုတောင် ဖြိုချနိုင်သည်လေ။

"ဟက်~လှရက်လိုက်တာ"

အပြာနုရောင်ရှပ်အကွက်လေးကို ဆင်ဆွယ်ရောင်ဘောင်းဘီလေးနဲ့တွဲဝတ်ထားသည့် ဂျွန်ဆော့ဂျင်က အစ်ကိုယွန်းဂီကို ကားပေါ်တက်သည်အထိ နှုဆ်ဆက်နေခဲ့သည်။ခပ်အုပ်အုပ်ဆံနွယ်နက်တွေက နဖူးလေးပေါ်ဝဲကျနေပုံက ကဗျာဆန်လှသည်။ဆေးလိပ်ကို တစ်ချက်ရှိုက်ဖွာရင် ဂျွန်ဆော့ဂျင်ရဲ့အလှအပကို ခံစားနေမိသည်။နေရောင်ခြည်အောက်မှာ အလှနတ်ဘုရားမ Aphrodite ဝင်စားသလားအောက်မေ့ရအောင်ချောလှသည်။

"ဂျွန်ဆော့ဂျင်~ဟွန်း ခေါ်လို့ကောင်းလိုက်တာ ဟဟ"

ဆေးလိပ်ကိုရှိုက်ဖွာလိုက် သူများအပိုင်ကိုလောဘတက်လိုက်နဲ့ ဘဝကြီးက စောက်ရမ်းတွေသာယာလွန်းသည်။အရသာခံပြီးရီသဲ့သဲ့လုပ်တာ ‌ဂျွန်ဂျောင်ဂုစတိုင်မဟုတ်ပေမဲ့ ဂျွန်ဆော့ဂျင်ကိုတော့ အိဒ္ဒြေရေပျက်ပြားအောင် ရီသဲ့ချင်မိသည်။အလွန်ဆုံးရှိ ဒေါသဖြစ်ရုံလောက် ဒါမှမဟုတ် ရှက်သွားယုံလောက်ပေါ့။အနည်းဆုံးတော့ ဂျွန်ဆော့ဂျင် ပါးရိုက်တာခံချင်မိသည်။

"ဂျွန်ဆော့ဂျင်က ရူးသွပ်ချင်စရာကောင်းလောက်အောင် ဖုံးဖိထားနိုင်တာပဲ"

ဂျွန်ဆော့ဂျင်က သူရဲ့လက်ဖျားတွေဖုံးသည်အထိတောင် ရှပ်လက်ရှည်ကိုဝတ်ထားတာဖြစ်သည်။ခြေဖမိုးလေးအုပ်သည်အထိဝတ်ထားတဲ့ ဘောင်းဘီရှည်အောက်က ခြေတံရှည်တွေဘယ်လောက်လှကြောင်း တိုက်တန်းနစ်ကားထဲကလို ပန်းချီဆွဲပေးချင်လိုက်တာကွာ။ကိုယ်က Jackလုပ်ပြီးဂျွန်ဆော့ဂျင်ကတော့ roseလို ကိုယ်ဗလာလေးနဲ့ပုံဆွဲခံပေါ့။ဖွင့်ဟပြထားတာထက် ဖုံးဖိထားတဲ့အလှတရားက လစ်ဟာပြထားတာထက်တောင် ရူးသွပ်ချင်စရာကောင်းလွန်းသည်။

Mine!✔️✔️Where stories live. Discover now