ဆော့ဂျင် ခြံထဲကိုဆင်းကာ အပြင်ခိုးထွက်ရန်ပြင်လိုက်သည်။အခုလိုညနေအချိန်ဆိုရင် အစောင့်တွေက ခြံရှေ့မှာရှိမနေတော့ပါ။အနောက်ဘက်ခြံစပ်ကိုသွားနေလောက်ပြီးဖြစ်သည်။ယွန်းကလည်းအမှီပြန်လာမယ်ပြောပြီး ပြန်မလာသေးတာမို့ အခွင့်အရေးရတုန်းလေး ဆော့ဂျင်အပြင်ခိုးထွက်ရန်ပြင်လိုက်သည်။
အနက်ရောင်ဦးထုပ်လေးကို ခပ်ငိုက်ငိုက်ဆောင်းကာ ခြံစောင့်ကိုထားတဲ့ ယာယီအိမ်ထဲကနေခြံသော့ကိုခိုးကာ ကြိတ်ရီနေမိသည်။သူကဟိုနားဒီနားသွားချင်ယုံပါ။ယွန်းကလည်း လိုက်မပို့တော့ သူဘာသာပဲ လျှောက်လည်ရန်ကြံလိုက်သည်။တကယ်လို့ ယွန်းသိသွားရင်လည်း သိပါစေတော့။သိခါမှအဆူခံလိုက်မယ်။အခုတော့ ကိုယ်ပျော်ရာကိုယ်လုပ်ရမယ်။
"ဟီးး စိတ်လှုပ်ရှားလိုက်တာနော်"
ခပ်မှိုင်းမှိုင်းကောင်းကင်ကြီးကို ကြည့်ရင်းတစ်ယောက်တည်းရေရွတ်မိသည်။ဘတ်စ်ကားဂိတ်နဲ့အနည်းငယ်လှမ်းတာမို့ လေညှင်းအေးအေးလေးကိုခံစားရင် လမ်းတစ်လျှောက်ဈေးသည်များကိုကြည့်ရင် ကြည်နူးနေမိသည်။တခါမှလူတွေစည်ကားနေတာမျိုးကို မမြင်ခဲ့ဖူးတာမိူ့ အပြည့်အဝကိုငေးနေမိသည်။ဆော့ဂျင်က ချုပ်ချယ်တာကိုတော့ နည်းနည်းမှလက်မခံနိုင်ပါ။ဒါကြောင့်အခွင့်ရေးရတုန်းလေ ချုပ်ချယ်မှုကလွတ်အောင်ရုန်းထွက်ကြည့်တာဖြစ်သည်။
"ဟူးးး ယွန်းသိသွားရင်တော့ ဒုက္ခပဲ"
"ဟုတ်လား~"
"ဟင်!ဂျောင်ဂု"
"ဟဟဟဟ~~မလန့်ပါနဲ့မကိုက်စားတက်ပါဘူးဗျာ"
ဆော့ဂျင် ဂျောင်ဂုကိုလျစ်လျူရှူလိုက်ပြီး ကိုယ်ဘာသာလမ်းဆက်လျှောက်လာလိုက်သည်။အနောက်ကနေ ခြေသံကိုကြားပေမဲ့ မကြားချင်ယောင်ဆောင်ထားလိုက်သည်။အနောက်ကလိုက်လို့မောသွားရင် ရပ်သွားလိုက်မယ်။သူကတော့ ဆက်လျှောက်နေအုံးမှာဖြစ်သည်။အနောက်ကနေ ခြေသံမြန်မြန်ကို ထပ်ကြားရတာမို့ ဆော့ဂျင်လည်း ခြေလှမ်းကိုပိုမြန်လိုက်သည်။ဒီကောင်လေးလည်း မလွယ်ပါလားနော်။သူ့အစားပင်ပန်းလိုက်တာ..
YOU ARE READING
Mine!✔️✔️
Fanfictionစကားလုံးတွေအများကြီးပဲ ဒါပေမဲ့ ငါ့အပိုင်လို့ပြောရတာအကြိုက်ဆုံးပဲ