နေ့လည်ပိုင်းလောက် ဆော့ဂျင်နိုးလာပြီး ဝံရတာဘက်ကိုထွက်ကာ ဖုန်းကောတစ်ခုကိုလှမ်းဆက်လိုက်သည်။အရေးတကြီးခိုင်းစရာရှိသည်လေ...ဘာရယ်တော့မဟုတ်ပေမဲ့ ဂျွန်ဂျောင်ဂုက သိပ့်ကိုတက်ကြွနေတယ်လေ။ရန်ငြိုးရှိလို့လုပ်တာမဟုတ်ပေမဲ့ သူတို့နှစ်ယောက်က မှောင်ခိုလောကမှာနာမည်ကြီးနေတာမို့ ဆော့ချင်ရုံသာဖြစ်သည်။
ယွန်းကိုချစ်လားလို့မေးရင်တော့ ဘယ်လိုပြောရမလဲနည်းနည်းတော့ရင်ခုန်တာပေါ့။ဂျွန်ဂျောင်ဂုကလည်း ကြမ်းတမ်းပေမဲ့ရင်ခုန်ချင်စရာကြီးပါပဲ။နှစ်ယောက်စလုံးက သူ့အတွက်ရင်ခုန်စရာတွေမို့ ရွေးဖို့တော့ခက်သည်။မချစ်သော်လည်း ရင်ခုန်သည်ပေါ့နော်။ဂျွန်ဂျောင်ဂုကို စိတ်ဝင်စားတယ်..မင်ယွန်းဂီကို ရင်ခုန်တယ်။ဘယ်သူ့ကိုရွေးရပါ့မလဲနော်။
"ဟဲလို~သတိရနေတာ"
*ဂျင်လေး ပြန်လာတော့ကွာ!ကိုယ်စိတ်ပူလှပြီး*
"သိပါတယ်!!ဂျင် ကစားရတာပျင်းလာရင်ပြန်လာခဲ့မယ်နော်"
*ကဲ ဒီအဆိုးလေးကိုတော့ မနိုင်တော့ဘူးနော်။
ဒီတစ်ခေါက်ရော ဘယ်သူ့အလှည့်လဲ*"ဂျွန်ဂျောင်ဂုပေါ့~~သူအလှည့်လေ"
*သတိထားနော်~~အရမ်းချစ်တယ်*
"အင်းပါ.."
အမည်မသိဖုန်းကောလ်လေးကို ဖြတ်လိုက်ပြီး ဂျွန်ဂျောင်ဂု ပို့ထားတဲ့ မတ်ဆေ့ခ်ျတွေကိုဖတ်လိုက်သည်။ရီသဲ့သဲ့စကားတွေပို့ထားသည်မို့ မျက်မှောင်ကျုံ့လိုက်မိသည်။ဘာလား!ဂျွန်ဂျောင်ဂုက ဒီစကားတွေကလွှဲရင် မပြောတက်တော့ဘူးလား။နည်းနည်းလေးစိတ်ရင်းရှိသလိုပြောလိုက်တော့ ပါးရိုက်ခံရမှာဆိုးလို့လား။စကားလုံးအပြောတွေကအစ ဒီကောင်လေးကို ပြန်သင်ပေးရတော့မယ်ထင်တယ်။
"ဟဲလို..ဂျောင်ဂု"
ထင်ထားသလိုပါပဲ ဖုန်းဆက်လာတော့သည်။စလာထဲက ခြိမ်းခြောက်သလိုအပြောကြောင့် ဆော့ဂျင် မျက်ခုံးတန်းတွေပင့်မိသွားသည်။ဒီကောင်လေးက ဘဝင်မြှင့်နေတဲ့ကောင်ဆိုးလေးပဲ။ချစ်ဖို့တော့ကောင်းသားပဲ...
YOU ARE READING
Mine!✔️✔️
Fanfictionစကားလုံးတွေအများကြီးပဲ ဒါပေမဲ့ ငါ့အပိုင်လို့ပြောရတာအကြိုက်ဆုံးပဲ