ဆော့ဂျင် တုန်ရီနေတဲ့လက်ကလေးတွေကို ဖိပွတ်ရင် မျက်နှာကိုလည်း ဒူးနှစ်ဖက်ကြားမှောက်ထားကာ ငြိမ်ကုပ်နေမိသည်။သူအခုခံစားနေရတာ ရှက်ရွံ့မှုနဲ့ဒေါသသာဖြစ်သည်။ဘယ်လိုလုပ်ရမလဲ..ဂျွန်ဂျောင်ဂုက တကယ်ကိုရဲတင်းလွန်းသည်။ဒီယောင်္ကျားက အရှက်သိက္ခာဆိုတာ ဘာမှန်းမသိဘူးထင်ပါရဲ့။တစ်ရက်ထဲနဲ့တင် ဒီလူက ဆော့ဂျင်ရဲ့အရိပ်မဲကြီးလိုဖြစ်လာသည်။
ယွန်းကိုပြောပြလိုက်ရင်ကောင်းမလား..မဟုတ်သေးဘူး ပြောလိုက်ရင် ညီအစ်ကိုတွေကြားသွေးခွဲသလိုဖြစ်အုံးမယ်။ဆော့ဂျင် အသားတွေတစ်ဆက်ဆက်တုန်ကာ ခုနကဖြစ်ရပ်ကို ခေါင်းထဲကကိုမထွက်ပါ။ဂျောင်ဂုရဲ့အသံကိုလည်းကြားလိုက်ပါတယ်..အကြွေးတင်သွားပြီးတဲ့။ဒီလက်က ရိုက်ပစ်လိုက်မိတာပဲ ရန်စကိုမွှေးမိတဲ့ကိုယ့်ကိုကိုယ်သာ ထုရိုက်ပစ်ချင်မိသည်။ကပ်ပါးကောင်လို ကပ်တွယ်ခံရတော့မည်ဆိုတာ ဆော့ဂျင်ခံစားမိသည်။
"ဟင့် ယွန်း ဟင့် ပြန်လာပါတော့~~ဟင့် "
"ဂျွန်ဆော့ဂျင်!!ငိုနေတာလား"
အခန်းပြင်က ကြားလိုက်ရတဲ့ဂျောင်ဂုအသံကြောင့် ဆော့ဂျင် နှုတ်ခမ်းဖူးတွေကိုလက်ဖြင့်အုပ်ထားမိသည်။လော့ကို သေချာချလိုက်ကာ တံခါးနဲ့ခပ်ခွာခွာမှာ သွားနေမိသည်။ဘယ်လိုလုပ်လုပ် ဒီလူကြမ်းရဲ့ရန်ကနေ သူမလွတ်မြှောက်နိုင်ပါလား။ဘယ်လိုလူစားမို့ ကာမပိုင်ရှိတဲ့သူကို ပြစ်မှားချင်နေလဲ သူမတွေးတက်တော့။
"အသံတိတ်သွားပါလား!ဟဟဟဟ ကျူပ်ကိုအဲ့လောက်တောင် ကြောက်လား.."
အပြင်ဘက်က ရယ်သံတစ်ဝက်နဲ့ပြောလာတဲ့အသံကြောင့် ဆော့ဂျင်ခြေဖျားတွေကုတ်ထားမိသည်။အသံမထွက်အောင်တင်းခံနေရင်နဲ့ ရှိုက်သံကထွက်သွားသေးသည်။ထပ်ပြီးထွက်ပေါ်လာတဲ့ရယိသံကြောင့် ကုတင်ထောင့်နားကို ဘေးတိုးမိသည်။ဒီယောင်္ကျား လော့ချထားတဲ့အခန်းထဲကိုတော့ မဝင်လာနိုင်ဘူးမလား။
"ဪ~အစ်ကိုယွန်းဂီတောင် ပြန်လာပြီးပဲ"
ယွန်းပြန်လာပြီးတဲ့..လှည့်ထွက်သွားတဲ့ခြေသံကြောင့် အခန်းတံခါးအသာဖွင့်ကာ ထွက်မိတော့ ဖိချုပ်ခံလိုက်ရတဲ့ သူ့ကိုယ်လုံးလေး။ဖိချူပ်ထားတဲ့လူကတော့ ခပ်ပါးပါးရီသံနဲ့ သူ့လည်တိုင်တွေကိုနမ်းရှုံ့လိူ့နေသည်။ပါးပြင်တွေကို ပွတ်ဆွဲလာတဲ့နှုတ်ခမ်းပါးတွေကြောင့် ခေါင်းတွေကိုခါရမ်းပစ်မိသည်။ဟုတ်တယ်...ယွန်းအပေါ် သူကသစ္စာရှိမှရမယ်။ဘယ်လောက်ပဲအချုပ်ခံရပြီး အနမ်းခံနေရပါစေ သူရအောင်ရုန်းမှဖြစ်မည်။
YOU ARE READING
Mine!✔️✔️
Fanfictionစကားလုံးတွေအများကြီးပဲ ဒါပေမဲ့ ငါ့အပိုင်လို့ပြောရတာအကြိုက်ဆုံးပဲ