ယွန်းဂီ အိမ်ပြန်လာတော့ ဂျောင်ဂုတစ်ယောက်ပဲ ဧည့်ခန်းမှာဆေးလိပ်သောက်နေတာကို သူတွေ့လိုက်ရသည်။ဆော့ဂျင်ကိုလည်းမတွေ့ရပါ..ပုံမုန်ဆိုဆော့ဂျင်က ညနေဘက်တွေ ဟင်းချက်နေတတ်သည်။အခုတော့ ခပ်ထွေထွေဖြစ်နေတဲ့ဂျောင်ဂုသာတွေ့လိုက်ရသည်။ဂျောင်ဂုရဲ့လက်တွေက အငြိမ်မနေစွာ မီးခြစ်ကိုလှည့်နေသည်။သူ့ကိုလည်း သတိထားမိပုံမပေါ်။
"ဂျောင်ဂု!ညစာဘယ်သူလာချက်လဲ"
"အိမ်အကူကြီး.."
ဒီလောက်သာပြောပြီးဆေးလိပ်ကိုသာ ရှိုက်ဖွာနေတော့သည်။ကပိုကရိုဖြစ်နေတဲ့ဆံနွယ်ကောက်တွေက ဂျောင်ဂုရဲ့ယောင်္ကျားဆန်မှုကိုပေါ်လွင်စေသည်။ယွန်းဂီကတော့ ဆေးလိပ်မသောက်ဖို့ကို မတားနေတော့ပါ။ဆော့ဂျင်က ဆေးလိပ်သောက်တာကို မကြိုက်ဘူးလေ။သူလည်းဆေးလိပ်ဖြတ်လိုက်တာကြာပြီးဖြစ်သည်။ဆော့ဂျင်ရဲ့အဖေက အဆုတ်ကင်ဆာနဲ့ဆူံးသွားတာမို့ ဆော့ဂျင်က ဆေးလိပ်ကိုအရမ်းမုန်းပါသည်။ဒါကြောင့် သူ့အိမ်မှာ ဘယ်သူမှဆေးလိပ်မသောက်ကြပါ။
"ဂျောင်ဂု!မင်းဆေးလိပ်ကို-"
"သိတယ်..ဆော့ဂျင်ကမကြိုက်ဘူး။
ဒီတစ်လိပ်ပဲ!!"သူတောင်ဘာမှမပြောရသေးဘူး ဂျောင်ဂုကဖြတ်ပြောသွားတာဖြစ်သည်။ဂျောင်ဂုက ဘယ်လိုသိတာလဲ ဆော့ဂျင်ဆေးလိပ်သောက်တာမကြိုက်မှန်းဘယ်လိုသိသွားပါလိမ့်။ဆော့ဂျင်ပဲပြောလိုက်တာလား..အင်း အဲ့လိုပဲဖြစ်မှာပါ။ဆော့ဂျင်က အိမ်မှာဆေးလိပ်သောက်တာတွေ့ရင် သောက်တဲ့သူ့ကိုပြောပွစိပွစိပြောနေကျပဲလေ။သူလည်း ဂျောင်ဂုကိုဘာမှမပြောတော့ပဲ အပေါ်ထပ်ကိုသာတက်လာလိုက်သည်။
အခန်းထဲက လော့ခ်ချထားတာမို့ တံခါးခေါက်ပေမဲ့ အသံမကြားတာမို့ ယွန်းဂီသော့အပိုနဲ့သာ ဖွင့်လိုက်ပြီးဝင်လာလိုက်တော့ ဆော့ဂျင်က ကုတင်ပေါ်ခပ်ကွေးကွေးလေး လုပ်ပြီးအိပ်နေတော့သည်။သူလည်း ဆော့ဂျင်ရဲ့မျက်နှာလေးကိုသေချာကြည့်နေမိသည်။မျက်တောင်လေးတွေက တစ်ခုနဲ့တစ်ခုထိကပ်နေတာက ငိုထားတဲ့ပုံစံဖြစ်သည်။ဘာကြောင့်ငိုထားမယ်မသိပေမဲ့ အနောက်ဘက်ကိုဝင်အိပ်ရင် ဖက်ထားလိုက်မိသည်။ကိုယ်ရဲ့ထွေးပိုက်မှုတွေကြောင့် သူအနည်းငယ်သက်သာသွားစေချင်ရုံသာဖြစ်သည်။
YOU ARE READING
Mine!✔️✔️
Fanfictionစကားလုံးတွေအများကြီးပဲ ဒါပေမဲ့ ငါ့အပိုင်လို့ပြောရတာအကြိုက်ဆုံးပဲ