ဒိုင်း!!!ဒိုင်း!!!ဒိုင်း!!!
"တောက်ခ်!လွတ်သွားပြန်ပြီးလားကွာ မင်းတို့တွေအထူးအေဂျင့်စီကိုဟုတ်ရဲ့လား!!"
FBIတပ်ဖွဲ့ရဲ့ခေါင်းဆောင်က မကျေမချမ်းသာရေရွတ်လိုက်မိသည်။တောင်ကိုးရီးယားနိုင်ငံရှိ အကြီးမားဆုံးလက်နက်မှောင်ခိုဂိုဏ်းကြီး၏leaderလောင်းဖြစ်တဲ့Jကိုတောင် အထူးတပ်ဖွဲ့တွေက မိအောင်တောင်မဖမ်းနိုင်ကြပါ။အပျော်သဘောဆိုပြီး နယူးယောက်ဘဏ်ကြီးကို ပေါက်ခွဲသွားသည်မှာ သက်သက်မဲ့ရန်စခြင်းဖြစ်သည်။
"တပ်ဆုတ်မယ်!!! mission fail"
သူတို့တွေအမိအရလိုချင်နေတဲ့ Scorpio ဂိုဏ်းရဲ့သတင်းဟာ ဒီနေရာမှာတင်ပျောက်ကွယ်သွားမည်ဖြစ်သည်။ထိုလက်နက်မှောင်ခိုဂိုဏ်းကတော့ နေရာစုံခြေဆန့်နေတော့မည်ဖြစ်သည်။ဝရမ်းတွေအများကြီးထုတ်ထားတာတောင် အထက်ကိုဖိနိုင်တော့ အရိပ်ပင်ဖမ်းဖို့ခက်ခဲပေသည်။ထိုဂိုဏ်းခေါင်းဆောင်လောင်းJသည် အာရှသားတောင်ကိုးရီးယားဖွားပင်ဖြစ်သည်။သိူ့ပေတည်း အနောက်တိုင်းနိုငံတွေရဲ့ရဲအေဂျင်စီအထိ အလိုရှိသူဖြစ်လေသည်။
**********
"ယွန်း~~မနက်စာပြင်ထားပြီးပြီ ထတော့နော်..ပြီးမှပြန်အိပ်"
ဆော့ဂျင် အိပ်ခန်းတံခါးအပြင်ဘက်ကနေသာ အနေတော်အသံနဲ့သာပြောလိုက်သည်။အိပ်နေတဲ့ယွန်းက ထမလာမှန်းသိပေမဲ့ တာဝန်အရသူနိုးရခြင်းဖြစ်သည်။မဟုတ်ရင်လည်း အကျင့်ဖြစ်နေပါပြီးလေ။ယွန်းက အိပ်ပုတ်လည်းကြီးသလို အလုပ်တွေကိုလည်း လောဘကြီးသည်။ဒါပေမဲ့ သူ့မှာယွန်းကို ဝင်စွက်ဖက်ခွင့်မရှိပါ။ယွန်းနဲ့သူက တရားဝင်လက်ထပ်ထားတယ်ဆိုပေမဲ့ ယွန်းကို သူကြောက်မိတာတော့အမှန်ပါ။
ယွန်းရဲ့အေးတိအေးစက်မျက်နှာက တခါတလေတော့လည်း သူ့အနေနဲ့တော့တော်တော်ကို သဘောကျနှစ်သက်ဖွယ်ဖြစ်သည်။သူများတွေဘယ်လိုမြင်လဲသူမသိပေမဲ့ပေါ့။သူက ယွန်းနဲ့လက်ထပ်ပြီးတည်းက ယွန်းထားရာနေ စေရာသွားဖြစ်သည်။ယွန်းက သူ့ကိုအပြင်ထွက်ခွင့်ပေးမထားပါ။အိမ်အတွက်လိုရင်တောင် ယွန်းပဲအလုပ်ကအပြန်တစ်ခါတည်း ၁ပတ်စာဝယ်လာတာဖြစ်သည်။
YOU ARE READING
Mine!✔️✔️
Fanfictionစကားလုံးတွေအများကြီးပဲ ဒါပေမဲ့ ငါ့အပိုင်လို့ပြောရတာအကြိုက်ဆုံးပဲ