3

3.7K 268 67
                                    

ဂျွန်ဂျောင်ဂုက လူကြမ်းပါ...စိတ်ရောကိုယ်ရောကြမ်းပါတယ်။လိုချင်တဲ့အရာကို အခုလိုချင်အခုရတဲ့လိုတရမင်းသားလေးပေါ့။ငယ်ငယ်တည်းက လိုချင်ပြီးဆို မဂျီကျရပဲနဲ့ကိုရတာ။မေမေတစ်ယောက်တည်းကပဲ ပြုစုပျိုးထောင်လာတာမို့ အဖေဆိုတာဘာမှန်းသူမသိပါ။သူသိတာက တစ်ခုပဲရှိတယ်..အဲ့ဒါက အချစ်ဆိုတာအရေးမပါကြောင်းသာဖြစ်သည်။

အခုလည်းကစားစရာတစ်ခုတွေ့ပြီးထင်ပါရဲ့ဗျာ။နုနယ်ပြီးလှနေတာများ လိုချင်စရာဖြစ်သည်။ကြည်တောက်နေတဲ့မျက်ဝန်းညိုတွေက ဒီလူသားရဲ့အလှကိုပိုပံ့ပိုးပေးသည်။ပြီးတော့ မြင်သူတကာ သတိထားမိစေလောက်တဲ့နှုတ်ခမ်းဖူးလေးဖြစ်သည်။ဖူးအိနေပြီးနမ်းချင်စရာကောင်းလှသည်။တကယ်ပါ အခုလူလောက်ပြည့်စုံသည့်သူ မမြင်ဖူးသေးပါ။

တစ်ခါလောက်ကစားကြည့်ရုံမို့ ရီသဲ့သဲ့လုပ်ကြည့်တော့ ထိုလူသားလေးက နားမလည်သလိုကြည့်သည်။လက်ကိုင်တာကိုပင် မကြိုက်ပုံပေါ်သည်။မျက်ခုံးလေးများစုကျုံ့သွားပုံများ ချစ်စရာအတိဖြစ်သည်။နာမည်လေးမေးဖို့အရေးကို ဂျွန်ဂျောင်ဂုတို့စဉ်းစားနေရပြီး။အစ်ကိုယွန်းဂီရဲ့မျိုးရိုးနာမည်ကြောင့် ဒီလူသားလေးကို အစ်ကိုယွန်းဂီညီဖြစ်မယ်လို့သူတွေးလိုက်မိပေမဲ့ အတွေးက တက်တက်စင်အောင်လွှဲသည်။

လက်ထပ်ထားကြတာဆိုပဲ အချစ်မပါတဲ့အိမ်ထောင်ရေးက ဆားမပါးတဲ့ဟင်းလိုမျိုးပေါ့လိမ့်မည်။အစ်ကိုယွန်းဂီရဲ့မျက်ဝန်းထဲမှာ အ‌ရိပ်ရောင်တစ်ချို့ကိုတွေ့ပေမဲ့ သူမသိချင်ယောင်ဆောင်ထားသည်။သူရဲ့မေးခွန်းကြောင့် အစ်ကိုယွန်းဂီက ရပ်တန့်သွားချိန် ထိုလူသားရဲ့စွာစိလန်အသံလေးကိုကြားရသည်။ဘယ်လိုပြောရမလဲ လိုချင်နေတဲ့ ဆန္ဒကိုသိက္ခာနဲ့ထိန်းနေရသည်ပေါ့ဗျာ။

တခြားလူဆို အခုချက်ချင်းလုယူမှာဆိုပေမဲ့ အစ်ကိုယွန်းဂီမို့ သူ့မှာအတော်ထိန်းနေရသည်။ဒါတောင် လိုချင်စိတ်က ပျောက်ပျက်မသွားပါ။ဒီလူသားလေးက အတော်တော့ထူးဆန်းသားဗျ။ပန်းကလေးက လှတော့ပျားပိတုန်းဝယ်တာပေါ့ဗျာ။

"ယွန်း ဒါလေးစား အားရှိတယ်။
များများစားနော်~ယွန်း အခုတလော ဖြူဖတ်ဖြူရော်ဖြစ်နေသလားလို့"

Mine!✔️✔️Where stories live. Discover now