"ယွန်း~~သွားတော့မလို့လားဟင်..."ဂျင်လေးက သူ့အနားကိုကပ်ကာ ခပ်ချွဲချွဲအသံလေးနဲ့ပြောသည်။မျက်ဝန်းလေးတွေက မသွားစေချင်ဟန်နဲ့ အသနားခံသည်။ဒီမျက်ဝန်းလေးတွေရဲ့အသနားခံမှုကိုမခံနိုင်တဲ့အဆုံး အကြည့်လွဲလိုက်ရသည်။တာဝန်ယူထားတဲ့အပိုင်မို့ ကိုယ့်တာဝန်ကိုပြီးဆုံးသည်အထိ လုပ်ရမှာက ကျင့်ဝတ်ပင်ဖြစ်သည်။ပြီးတော့အခုတလော တစ်ဖက်က Scorpionဂိုဏ်းကနေ ဖြတ်ခုတ်နေတာတွေက လက်နက်တွေအပြင် ရွှေချောင်းတွေပါ,ပါလာပြီးမို့ မစ္စစ်ဂျွန်ကသွေးတက်နေသည်။
"အင်းးကိုယ်လည်းမသွားချင်ပါဘူးဂျင်ရယ်~ဒါပေမဲ့ ဒါတွေကကိုယ်တာဝန်ယူထားတဲ့အပိုင်းမို့လား"
"ယွန်းရယ်~ယွန်းနဲ့စက္ကန့်မခြားအတူရှိနေချင်တာ"
"ကိုယ်ရောပဲပေါ့ဂျင်ရယ်"
ဂျင့်ကိုယ်လုံးလေးကို ထွေးဖက်ရင် ယွန်းဂီ စကားဆိုမိသည်။ဂျောင်ဂုကလည်း ဒယ်ဂူကနေကို ခြေတစ်လှမ်းမှကို မခွာတာမို့ မစ္စစ်ဂျွန်လည်း လွှတ်ထားရသည်။အလုပ်မှန်သမျှကို သူနဲ့ပဲလွှဲထားတာမို့ အဆုံးရှုံးမရှိအောင်ကို အသေအချာလုပ်နေရသည်။ဟိုဘက်ဂိုဏ်းကလည်း အနံ့ခံကောင်းချက် ကိုယ်တွေအလှဲအလှယ်လုပ်တာနဲ့ ရောက်ရောက်လာသည်။ဘယ်ဘဝက ရေစက်ကြောင့်လည်းတော့မသိ ဖြတ်ခုတ်ခံရတာတောင် လက်နက်ချင်းယှဉ်ချဖို့ သူတစ်ခါမှမတွေးဖူးပါ။
"ကိုယ်မရှိချိန် အိမ်ထဲက အိမ်ပြင်မထွက်နဲ့နော်...ကိုယ်က အရေးမကြီးပေမဲ့ မင်းလေးထိခိုက်မှာ ကိုယ်အစိုးရိမ်ဆုံးပဲ"
"ယွန်းရယ် ကိုယ့်ကိုယ်သာ စိတ်ပူပါ..ဂျင်က အိမ်ထဲမှာနေတဲ့သူမို့ ဘာမှမဖြစ်ပါဘူး။
ယွန်းကိုသာ စိတ်ပူနေရတာ...ဒီတစ်ခေါက်နောက်ဆုံး ဖြစ်ပါစေနော်""နောက်ဆိုရင် ဂျင်နဲ့ပဲ သာယာတဲ့အိမ်ထောင်ရေးပဲတည်ဆောက်တော့မှာပါ"
"ကတိ~"
"ကတိပါကွာ."
တောင်းပန်ပါတယ်..ကတိမတည်နိုင်လို့ ယွန်းကိုတောင်းပန်ပါတယ်။ကိုယ်လိုချင်တဲ့ ဆုံးရှုံးမှု ယွန်းတို့ဂိုဏ်းက ရပြီးတာနဲ့ စီစဉ်ထားတဲ့အတိုင်း လုပ်တော့မှာမို့ ကြိုတောင်းပန်ပါရစေ။ဒီကြားထဲမှာ ယွန်းရဲ့နှလုံးသားကို ကစားမိခဲ့တာမို့ စိတ်မကောင်းဖြစ်ရပါတယ်။အရာအားလုံးပြီးဆုံးသွားရင် ဂျင့်ကိုပဲအပြစ်တင်လိုက်ပါ။
YOU ARE READING
Mine!✔️✔️
Fanfictionစကားလုံးတွေအများကြီးပဲ ဒါပေမဲ့ ငါ့အပိုင်လို့ပြောရတာအကြိုက်ဆုံးပဲ