Part -1

2.6K 112 89
                                    

# Unicode #

"သား...မင်းရဲ့ ဦးဖေ မွာ ...အပြစ်...မ..မရှိဘူး...ကူး...ကူးငယ်လေး..ကို..သားက...စောင့်ရှောက်..ရမယ်နော်..."

ကင်မ်ဆော့ဂျင်...အသက်ငင်နေသည့်ကြမှ...သားဖြစ်သူ ကင်မ်ထယ်ယောင်း ကို စကားများဆိုနေသည်။

ထယ်ယောင်း မျက်ဝန်းမှ မျက်ရည်များက ဆော့ဂျင်ရဲ့ လက်ဖမိုးပေါ်ကို ကျနေ၏။

ဖခင်ရဲ့ လက်ကို ဆုပ်ကိုင်လိုက်ပြီး...

"ဖေဖေ..ဒီလိုဖြစ်ရတာ...ဂျွန်နမ်ဂျွန်းကြောင့် ...သားသူ့ကို လုံးဝ ခွင့်မလွှတ်ဘူး..."

ထယ်ယောင်း မျက်ဝန်းများ ကဒေါသကြောင့် ခက်ထန်နေပြီး..ကျားနာတစ်ကောင်လို..နာကျည်းချက်ပြင်းထန်နေသည်။

"..မ..ဟုတ်ဘူး...သား..ရဲ့.ဦးဖေကို..ရှာတွေ့..တဲ့ အထိ...."

ဆော့ဂျင် မော၍ ခဏရပ်လိုက်၏။သူ၏ တစ်ကိုယ်လုံးပတ်တီးများဖြင့်စီးနှောင်ထားသောကြောင့် လှုပ်၍ မရပေ။အောက်ဆီဂျင်ပေးထားလဲ အသက်ရှုမဝ။သူ့ရဲ့ နေဝင်ချိန်ကို ရောက်နေပြီ။

သားကိုလည်း ဒေါသ၊အငြိုးများကြားထဲ နစ်မွန်းသွားမှာကို စိုးရိမ်မိသည်။

"ကူးငယ်..လေးကို...စောင့်ရှောက်ရမယ်နော်..."

ထယ်ယောင်း ဖေဖေကို နားမလည်နိုင်။သူ့ကို ဒီလို ဖြစ်အောင် လုပ်ခဲ့သူ၏ သားကိုမွ စောင့်ရှောက်ခိုင်းနေသည်။

ဖေဖေရဲ့ နောက်ဆုံး အချိန်မှာ စိတ်ချမ်းသာစေချင်သည်....သို့သော်.......

"သား...ဖေဖေ့ကို..ကတိပေးပါသားရယ်...."

ထယ်ယောင်း မျက်ရည်များကျရဲ့ ခေါင်း အတွင်တွင် ညိတ်ကာ..

"ဟင့်...ကတိပေးပါတယ်...ဖေဖေ...သား ကတိပေးတယ်...ဖေဖေသာနေကောင်းအောင်..ဟင့်..နေနော်..."

ဆော့ဂျင် သူလိုချင်သည့် အဖြေရတော့ ယဲ့ယဲ့ လေးပြုံးလိုက်၏။

"အ..!"

"ဖေဖေ!.."

ဆော့ဂျင် အမောဖောက်လာသောကြောင့် ထယ်ယောင်း ပျာယာသွားသည်။

ဆော့ဂျင် သားရဲ့ လက်ကို ဆုပ်ကိုင်လိုက်ပြီး....

"ဖေဖေ..နောက်..ဆုံး အနေနဲ့ သားကို ပြော..ပြောစရာရှိတယ်...မောင်...မောင့်ကို...အပြစ်မမြင်ပါနဲ့...သား..အမှန်တရား ကို သိအောင်....လုပ်ပါ...."

Ray Of My Life  ( Complete)Where stories live. Discover now