Part -28 (Final)

2.9K 110 47
                                    

# Unicode #

"ဝုန်း!"

"ကိုကို!!"

"ဟင့်!.."

ထယ်ယောင်း...စာရင်းစစ်နေတုန်း တံခါးကို တွန်းဖွင့်ပြီး ကိုကို လို့ခေါ်ကာ ဝင်လာတဲ့...ကူးငယ်ကြောင့် သူယောင်ပြီး မတ်တပ်ရပ်မိတော့ သူ့ကို ပြေးလာပြီး ရင်ခွင်ထဲဝင်ကာ ဖတ်လာတဲ့ကူးငယ်....

တစ်သိမ့်သိမ့် တုန်‌နေတဲ့ ကိုယ်လေးကြောင့် ငိုနေပြီမှန်းသိလိုက်၏။

အခု ကူးငယ်က မှတ်မိသွားတာလား.....

"ကူးငယ်...."

"ကိုကို ကူးတောင်းပန်ပါတယ်....ကူးငယ် ကိုကို ကို မမှတ်မိခဲ့လို့....ကူး..ကူးလေ...အားလုံးမှတ်မိသွားပြီ....ဖေဖေတို့အကြောင်းရော....ကူးငယ်...လှေကားပေါ်က ပြုတ်ကျတဲ့အကြောင်းရော....ကူးငယ်က အရမ်းဆိုးတယ်မလား...ကိုကိုတို့ သားအဖကို ထားပြီး အကြာကြီး သတိမေ့နေခဲ့လို့...ပြီးတော့ မမှတ်မိခဲ့ဘူး...ဟင့်..."

ရင်ခွင်ထဲက ထုတ်၍ မျက်နှာနုနုလေးကို လက်နှစ်ဖက်ဖြင့် ဖွဖွလေးကိုင်ပြီး ခေါ်လိုက်တော့ အကောင်ပေါက်ကလေးက ငိုပြီးပြောနေတာမြန်း မျက်နှာလေး တစ်ခုလုံးနီရဲကာ ရှိုက်သံလေးတွေ ထွက်လို့....

"စိတ်မကောင်းမဖြစ်နဲ့တော့...ကူးငယ်...အခုလို မှတ်မိလာတာကိုဘဲ ကိုကိုက ကျေးဇူးတင်နေတာ....ကိုကိုကတော့ ကူးငယ် မမှတ်မိတာ...ကံတရားက ကိုကိုကို ခဏတာ ဒဏ်ခတ်လိုက်တာလို့ သတ်မှတ်တယ်....ကူးငယ်ရယ်...ကိုကို အရမ်းလွမ်းနေတာ..."

ထယ်ယောင်း သူလွမ်းနေတဲ့ ကိုယ်နွေးနွေးလေးကို တင်းကျပ်စွာ ဖတ်ထားလိုက်သည်။ကူးငယ်ကလည်း သူ့နည်းတူ ဖတ်ထားသဖြင့် သူတို့ကြားမှာ လေတိုးပေါက်တောင် မရှိပေ။

"ဟွန့်~..ပါးပါးကရည်း...သေးသေးလေးတို...ထစ်ရောက်ရည်း တားခဲ့ဖီ...ဒယ်ဒီညဲ့..ပတ်ရေချရယ်...သေးသေးလေးချရော့...ထော်ဘူး...ပါးပါး...ရူစိုး..."

တံခါးမပိတ်မိတာကြောင့် လိုက်လာတဲ့ ထယ်ဂုလေးက မိုးမမြင်လေမမြင်ဖတ်နေတဲ့ လင်လင် နှစ်ယောက်ကို မျက်စောင်းလေးတထိုးထိုးနှုတ်ခမ်းလေးတထော်ထော်နဲ့ ရန်တွေ့နေတာကြောင့် အဖေနှစ်ယောက်က အသည်းယားနေ၏။

Ray Of My Life  ( Complete)Where stories live. Discover now