Part -23

1.6K 93 40
                                    


# Unicode #

"လာ ထယ်ယောင်းအရင်ဆုံး...သေးသေးလေးကို သွားကြည့်ရအောင်..."

ယွန်ဂီက ခွဲခန်းရှေ့မှာ မလှုပ်မယှက်ရပ်နေတဲ့ ထယ်ယောင်းကို ကလေးသွားကြည့်ရန်ခေါ်လိုက်သည်။

ဓာတ်ကင်ခန်းရှေ့ရောက်တော့ မှန်တွေဖြင့်ကာထားသဖြင့် သေးသေးလေးကို အတိုင်းသားမြင်နေရသည်။လက်မလေးစုပ်ပြီး မျက်လုံးလေး မှိတ်ကာ ကွေးကွေးလေးနေနေပုံက အရမ်းချစ်ဖို့ကောင်းလှသည်။သူ့ပါးပါးလို ဖြူဖြူဖွေးဖွေးလေးနဲ့ ဝါဂွမ်းဖတ်လေးလိုပင်။

"အစ်ကို...ထယ်ယောင်း...သေးသေးလေးက အဝေးက မြင်နေရတာတောင်ချစ်စရာလေးနော် ..ကူးလို..ဖြူဖြူဖွေးဖွေးလေးနဲ့ အရမ်းချစ်ဖို့ကောင်းတာဘဲ...နော်...ဟင့်.."

ဂျီမင်မှာ ဂျောင်ဂုနဲ့ တူတဲ့ သေးသေးလေးကိုကြည့်ကာ ငိုမိသည်။

သေးသေးလေးက မိဘ အစုံအလင်နဲ့ကြီးပြင်းသင့်တယ်မလား...

ထယ်ယောင်းလည်း သားငယ်ကို ကြည့်၍ စိတ်မကောင်းပေ...သားကြီးလေးတုန်းကလည်း သူ့ကြောင့် ဆုံးရှုံးခဲ့ရပြီ...အခု သားငယ်လေး..ပါးပါးကလည်း...သူအသုံးမကျလို့ ခွဲခန်းထဲမှာ အသက်လုနေရ၏။

"ပြန်ကြရအောင်ကွာ...ငါ..ကူးငယ်ရဲ့ အခြေနေကို သိချင်တယ်..."

"အေး...သေးသေးလေးက စိတ်ချရပါပြီ...ငါတို့ ခွဲခန်းကို ပြန်ကြရအောင်..."

သူတို့ ခွဲစိတ်ခန်းရှေ့ရောက်တော့ ဆရာဝန်တွေနဲ့ နာစ့်မတွေ အပြေးအလွှားနဲ့ အလုပ်ရှုပ်နေကြသည်။

"ဆ..ဆရာမ..ဘာဖြစ်လို့လဲ~..."

"လူနာက နှလုံးခဏ ခဏ ရပ်နေသလို...သွေးထွက်တာမရပ်ဘူး...အခုသွေးအိတ်တွေလာယူတာ..."

"အဆင်ပြေမှာပါနော် ဆရာမ.."

"ဒါတော့ ကျွန်မအာမ မခံနိုင်ဘူး...လူနာက ကလေးလည်း မွေးထားရသေးတယ်...ဦးခေါင်းခွဲစိတ်မှုလည်း လုပ်နေတာဆိုတော့ ကံစီမံရာဘဲ...ကျွန်မတို့ဘက်က အတတ်နိုင်ဆုံး လုပ်ပေးပါ့မယ်...."

ဒေါက်တာက ပြောပြီး အမြန်ပြေးဝင်သွား၏။

"မောင်...မောင်...ကူး...အဆင်မပြေဘူးလားမသိဘူး...."

Ray Of My Life  ( Complete)Where stories live. Discover now