Part -2

1.3K 96 59
                                    

# Unicode #

"ကိုကို....ကူးကို...အရုပ်လက်လေးတပ်ပေးပါ..အုံး..."

လာပါပြီ...တစ်မျိုးပြီးတစ်မျိုး...စကားပြောတတ်တဲ့ အရွယ်တည်းက...သူ့ကို...ကိုကို...ကိုကို..ဟုခေါ်ပြီး...တောက်တဲ့ လိုကပ်တွယ်နေသည်။

အခု...သူ့အသက်က....၁၃နှစ်...ကူးငယ်က...၆နှစ်...။

"ဦးဖေကို...တပ်ခိုင်း..."

"ဖေကြီး...ကို..တပ်ခိုင်းချင်ဘူး...ဖေဖေနဲ့...အခန်းထဲမှာ...ကုမ္မဏီ သွားဖို့ ပြင်နေတယ်..."

သူ့ထိုင်နေသော..ဆိုဖာရှေ့တွင် မတ်တပ်ရပ်၍..နှုတ်ခမ်းလေးတထော်ထော် ပြောနေတဲ့ ကူးငယ်က..ဝဝကစ်ကစ်လေးနဲ့ ချစ်ရာပင်...ဖြူဖြူဖွေးဖွေး အသားအရေလေးတွေက နုဖတ်နေပြီး..ချစ်စရာ ယုန်သွားလေး နှစ်ချောင်းနဲ့ ကူးငယ် က ကောင်မလေးလို့ အထင်ခံရလောက်အောင်..နုနု ငယ်ငယ်နဲ့...လှ သည်။

"ခဏစောင့်အုံး...ငါ...စာလုပ်ပြီးရင်..တပ်ပေးမယ်.."

"ဟုတ်ကဲ့..ကိုကို.."

လိုချင်တာ ရသွားသော...ကူးငယ်က...သူ့ရဲ့ မူပိုင်...အပြုံးလှလှလေးတွေပေါ်လာ၏။ ထယ်ယောင်းဘေးမှာ...သူ့ရဲ့ i-ron man...အရုပ်လေးကို ပိုက်၍...ငြိမ်ငြိမ်လေးထိုင်ကာ..ထယ်ယောင်းကို..မျက်လုံးဝိုင်းဝိုင်းလေး များနဲ့ ကြည့်နေသည်။

"သားတို့...ဖေဖေတို့...ကုမ္မဏီ သွားတော့မယ်.."

နမ်ဂျွန်းတို့..သူတို့ဆီလာကာ ပြောတော့ သူနဲ့ ကူးငယ်က...အဖေနှစ်ယောက်ကိုင်ထားသည့်..လက်ဆွဲအိတ်တွေကိုယူကာ..ကားနားထိ လိုက်ပို့ကြ၏။

ကားနားရောက်တော့..ဖေဖေတို့လက်ထဲ..လက်ဆွဲအိတ်များထည့်ပေးတော့..ဖေဖေတို့က..ယူပြီး..ကားထဲထည့်လိုက်သည်။ပြီးတော့...ကားပေါ်မတတ်သေးဘဲ...

"သားထယ်...အပြန်ကျရင်..ဦးဖေ..ဘာဝယ်ခဲ့ ရမလဲ ...."

ဒါကတော့..ဦးဖေ အပြင်သွားတိုင်း သူ့ကို မေးတတ်သည့်..စကားတစ်ခုပင်။ သူဦးဖေကို အဖေတစ်ယောက်လို မချစ်နိုင်ပေမဲ့ လေးစားကာ သံယောဇဉ်ရှိသည်။

"ရပါတယ်..ဦးဖေ..ကျွန်တော် ဘာမှမလိုသေးပါဘူး.."

"ကူး .ကတော့ မရဘူးနော်..ကူးငယ်..အတွက်ပြန်လာရင် .....ဘနားနား မစ်နဲ့..ရေခဲမုန့်.၊ပီဇာ.....အမ်.....ပြီးတော့..စတော်ဘယ်ရီပါတယ်ခဲ့...ကိုကို့ အတွက်..ကိုကိုက အရမ်းကြိုက်တာ..."

Ray Of My Life  ( Complete)Donde viven las historias. Descúbrelo ahora