Part -15

1.5K 86 58
                                    

# Unicode #

"ထယ်ယောင်း....ဂျီမင်နဲ့ ဂျောင်ဂုလာတယ်..."

ထယ်ယောင်း စာရင်းတွေ စစ်နေရာမှ ပြောလိုက်တဲ့ အသံကြောင့် မော့ကြည့်လိုက်တော့ ယွန်ဂီနောက်မှာ ပါလာတဲ့ ဂျီမင်နဲ့ ဂျောင်ဂု ကိုတွေ့လိုက်ရတာသဖြင့် ထိုင်ခုံကနေထကာ ဆိုဖာပေါ်ဝင်ထိုင်ပြီး..

"လာလေ ..ထိုင်ကြ...ကုမ္မဏီအထိ လိုက်လာမှတော့ အရေးကြီး ကိစ္စရှိပုံဘဲ..."

"သေချာပေါက် အရေးကြီး ကိစ္စရှိတာပေါ့..."

ဂျီမင်က ဝင်ထိုင်ပြီးပြောသလို ယွန်ဂီနဲ့ ဂျောင်ဂုလည်း ဂျီမင်ဘေး တစ်ဖက်စီမှာ ဝင်ထိုင်လိုက်ကြသည်။

"ဂျောင်ဂုကို လက်ထပ်ပါ...!"

"ဘာတွေလာပြောနေတာလဲ ပတ်ဂျီမင်..."

"ကျွန်တော်ပြောတာကို ဥက္ကဌကင်မ်သေချာကြားမှာပါ..."

"ဂျီမင်...ဆက်မပြောပါနဲ့တော့နော် ပြန်ရအောင်..."

ဂျောင်ဂု တောင်းပန်သံလေးနဲ့ ပြောလည်း ဂျီမင်က နားမဝင်...

"ကျွန်တော်သူငယ်ချင်းက ခင်ဗျား အလိုရှိတိုင်း အသုံးတော်ခံရမည့် အရုပ်မဟုတ်ဘူး~....ဒါကြောင့် စားပြီး နားမလည် မလုပ်နဲ့...တာဝန်ယူပါ!..."

ဂျီမင်စကားကြောင့် ထယ်ယောင်း လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားမိလိုက်သည်။

"ဒါက ငါတို့ ကိစ္စပါ မင်းနဲ့ မဆိုင်ဘူး..."

"ဂျောင်ဂုနဲ့ ပတ်သတ်သမျှက ကျွန်တော်နဲ့ ဆိုင်တယ်..."

ထယ်ယောင်းနဲ့ ဂျီမင်ကြားက လေထုက တင်းမာအေးစက်နေပြီ...

"ထယ်ယောင်း ....ဂျောင်ဂုကို မင်း လက်ထပ်သင့်တယ် ..မင်းသူနဲ့ တစ်ကြိမ်မက အတူတူနေပြီးပြီဘဲ...ဂျောင်ဂုက မိန်းကလေးမဟုတ်လို့ မနစ်နာဘူး မထင်နဲ့ ထယ်ယောင်း မင်းလုပ်ရက်က သူ့အရှက်နဲ့ သိက္ခာကို ထိခိုက်‌စေတယ်...."

ယွန်းဂီက လည်း ဝင်ပြောတော့ ထယ်ယောင်း ဂျောင်ဂုကို အကြည့်စူးစူးတွေနဲ့ ကြည့်လိုက်တော့ ဂျောင်ဂုက သူ့အကြည့်တွေကြောင့် ကိုယ်လေးတုန်သွားကာ ခေါင်းကို ငုံထား၍ လက်ဝါးနှစ်ဖက်ကို ပွတ်ချေနေ၏။

Ray Of My Life  ( Complete)Donde viven las historias. Descúbrelo ahora